Quran Apps in many lanuages:

Surah Al-Anaam Ayahs #100 Translated in Burmese

فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
(ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။
وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန် ငါအရှင်မြတ်သည်(မိမိ) သက်သေသာဓကတို့ကို သိနားလည်သောသူတို့အဖို့ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့လေသတည်း။
وَهُوَ الَّذِي أَنْشَأَكُمْ مِنْ نَفْسٍ وَاحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်တည်း။ ထိုအရှင်မြတ်သည် အသင်(လူသား)တို့အားလူတစ်ဦးတယောက်တည်းမှ ဖြစ်ပွားစေတော်မူခဲ့လေသည်။တဖန်(အသင်တို့အဖို့) ကြာရှည်နေကြရန် နေရာတစ်ခု (မိခင်တို့၏သားအိမ်)လည်းရှိ၏။ ၎င်းပြင် ခေတ္တနေကြရန် နေရာတစ်ခု (သင်တို့၏ကျောက်ကုန်း)လည်းရှိ၏။ အမှန်စင်စစ်ငါအရှင်မြတ်သည် အသိဉာဏ် ရှိသောသူတို့အဖို့ (မိမိ)သက်သေသာဓကများကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီးဖြစ်လေသည်။
وَهُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ نَبَاتَ كُلِّ شَيْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نُخْرِجُ مِنْهُ حَبًّا مُتَرَاكِبًا وَمِنَ النَّخْلِ مِنْ طَلْعِهَا قِنْوَانٌ دَانِيَةٌ وَجَنَّاتٍ مِنْ أَعْنَابٍ وَالزَّيْتُونَ وَالرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَابِهٍ ۗ انْظُرُوا إِلَىٰ ثَمَرِهِ إِذَا أَثْمَرَ وَيَنْعِهِ ۚ إِنَّ فِي ذَٰلِكُمْ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင် မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် မိုးကောင်ကင်မှ (မိုး)ရေကိုရွာသွန်းချတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည်ထိုရေဖြင့် ကောက်ပဲသီးနှံအ�ှောင့်အတက် မျိုးစုံတို့ကို ထွက်စေတော်မူခဲ့လေသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထိုအညှောင့်အတက်မှ စိမ်းစိုသော အကိုင်းအလက်ကို ထွက်စေတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကိုင်းအလက်မှ အထပ်ထပ်ပြွတ်လျက်ရှိသော အစေ့၊ အဆန်တို့ကို ထွက်စေတော်မူ၏။ထို့ပြင် စွန်ပလွံပင်များမှ(ဝါ)၎င်း၏အဖူး ဝတ်ဆံများမှ တွဲလဲကျနေသောအခိုင်များ (ထွက်လေ၏။) ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စပျစ်ခြံများကိုလည်းကောင်း၊ သံလွင်သီး၊ သလဲသီးများကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အချို့မှာအချင်းချင်းတူ၏။ အချို့မှာမတူချေ။ အသင်တို့သည်ထိုအသီးများသီးချိန်၌လည်းကောင်း၊ မှည့်ခြင်းများကို ကြည့်ရှုကြလေကုန်။ ဧကန်စင်စစ် ဤသည်တို့၌ သက်ဝင်ယုံကြည်(လို)သောသူတို့အဖို့ သက်သေသာဓကများ ရှိကြကုန်သတည်း။
وَجَعَلُوا لِلَّهِ شُرَكَاءَ الْجِنَّ وَخَلَقَهُمْ ۖ وَخَرَقُوا لَهُ بَنِينَ وَبَنَاتٍ بِغَيْرِ عِلْمٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يَصِفُونَ
သို့ပါလျက် ထိုသူများသည် ဂျင်န်(န်)သတ္တဝါများကို အလ္လာဟ်အရှင်မြတ်၏တွဲဖက်များ ပြုခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်) အရှင်မြတ်သည်ပင်လျှင်ယင်း(မွတ်ရှ်ရစ်က်တို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ (ဂျင်န်များကဖန်ဆင်းထားသည်မဟုတ်၊) လည်းကောင်းပြင် ယင်းတို့သည် မသိနားမလည်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်၌သားသမီးများ ရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေ၏။ထိုအရှင်မြတ်သည် ၎င်းတို့စွပ်စွဲပြောဆိုကြသည်တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း။(ရကူ)

Choose other languages: