Quran Apps in many lanuages:

Surah Al-Anaam Ayah #51 Translated in Burmese

وَأَنْذِرْ بِهِ الَّذِينَ يَخَافُونَ أَنْ يُحْشَرُوا إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُمْ مِنْ دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَعَلَّهُمْ يَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့် စုရုံးကြမည်ကို စိုးရိမ်ကြကုန်သော သူတို့အား အသင်သည်ယင်း(ကုရ်အာန်ကျမ်းမြတ်) ဖြင့် သတိပေးနှိုးဆော်ပါလေ။သို့မှသာလျှင် ထိုသူတို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်အံ့။ ၎င်းပြင် အကြင်သူများသည် မိမိတို့၏အရှင် သခင်ထံတော်၌ စုရုံးကြရမည့်အခါတွင်၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမိမိတို့အား ကူညီ ယိုင်းပင်းပေးမည့်သူ ဟူ၍လည်းမရှိ၊ ၎င်းပြင်လွတ်ငြိမ်းချမ်းသာခွင့်ရရန် အသနားခံပေးမည့်သူ လည်းမရှိမည်ကို လန့်တွေးကြောက်ထိတ် သံဝေဂစိတ် ရှိသူတို့အား (အိုနဗီ)အသင်သည် ဤကုရ်အာန်ကျမ်းမြတ်ဖြင့် သတိပေးပါလေ။သို့မှသာလျှင် ထိုသူများသည်(မကောင်းမှုဒုစရိုက်များကို)ရှောင်ကြဉ်ကြပေမည်။

Choose other languages: