Quran Apps in many lanuages:

Surah Al-Ala Ayahs #12 Translated in Burmese

وَنُيَسِّرُكَ لِلْيُسْرَىٰ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုသို့ ပို့ပေးတော်မူပေမည်။ (ငါအရှင်မြတ်သည် အသင့်အား လွယ်ကူသော ရှရီအတ်ကို (လိုက်နာကျင့်သုံးရန်) လွယ်ကူစေတော်မူမည်)။
فَذَكِّرْ إِنْ نَفَعَتِ الذِّكْرَىٰ
သို့ဖြစ်ပေရာ အကယ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်စေလျှင် အသင်သည် ဆုံးမပါလေ။
سَيَذَّكَّرُ مَنْ يَخْشَىٰ
(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့သောသူသည် အမှန်ပင် တရားရပေလိမ့်မည်။
وَيَتَجَنَّبُهَا الْأَشْقَى
သို့ရာတွင် အလွန် အကြောင်းမလှသောသူမှာမူကား ယင်းဆုံးမဩဝါဒမှ သွေဖည်၍ နေပေလိမ့်မည်။
الَّذِي يَصْلَى النَّارَ الْكُبْرَىٰ
အကြင် အကြောင်းမလှသောသူသည် အလွန်ကြီးကျယ်သော မီးထဲသို့ ဝင်ရောက်ရပေမည်။

Choose other languages: