Quran Apps in many lanuages:

Surah Al-Ahzab Ayahs #11 Translated in Burmese

وَإِذْ أَخَذْنَا مِنَ النَّبِيِّينَ مِيثَاقَهُمْ وَمِنْكَ وَمِنْ نُوحٍ وَإِبْرَاهِيمَ وَمُوسَىٰ وَعِيسَى ابْنِ مَرْيَمَ ۖ وَأَخَذْنَا مِنْهُمْ مِيثَاقًا غَلِيظًا
၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ် ထံမှလည်းကောင်း၊ အီဗ်ရာဟီမ်၏ထံမှလည်းကောင်း၊ မူစာ ၏ထံမှလည်းကောင်း၊ မရ်ယမ်၏သားတော်အီစာ၏ထံမှလည်းကောင်း၊ (ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏)။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့ထံမှခိုင်မာသော ဝန်ခံချက်ကို ယူတော်မူခဲ့၏။
لِيَسْأَلَ الصَّادِقِينَ عَنْ صِدْقِهِمْ ۚ وَأَعَدَّ لِلْكَافِرِينَ عَذَابًا أَلِيمًا
(ယင်းကဲ့သို့ ပဋိညာဉ်ယူခဲ့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သစ္စာဝါဒီတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) ၎င်းတို့၏ သစ္စာရှိမှုနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းတော်မူအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်သော်ကားထိုအရှင်မြတ်သည် ကာဖိရ် သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَاءَتْكُمْ جُنُودٌ فَأَرْسَلْنَا عَلَيْهِمْ رِيحًا وَجُنُودًا لَمْ تَرَوْهَا ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (ပြုတော်မူခဲ့သော) ကျေးဇူးတော်ကို ပြန်လည်သတိရရှိ ကြလေကုန်။ အခါတစ်ပါး၌ အသင်တို့ထံသို့ များစွာသော စစ်တပ်များသည်(တိုက်ခိုက်ရန်)ချီတက်၍လာခဲ့ကြကုန်၏။ ထို့ နောက်ငါအရှင်မြတ်သည်စစ်တပ်များအပေါ်၌ လေပြင်းတစ်ခုကိုလည်းကောင်း၊ အသင်တို့မမြင်ကြရသော စစ်တပ်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည် တို့ကိုကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
إِذْ جَاءُوكُمْ مِنْ فَوْقِكُمْ وَمِنْ أَسْفَلَ مِنْكُمْ وَإِذْ زَاغَتِ الْأَبْصَارُ وَبَلَغَتِ الْقُلُوبُ الْحَنَاجِرَ وَتَظُنُّونَ بِاللَّهِ الظُّنُونَا
အကြင်အခါဝယ် ထိုစစ်တပ်များသည် အသင်တို့၏ အထက်ဘက်မှလည်းကောင်း၊ အသင်တို့၏ အောက်ဘက်မှလည်းကောင်း၊ (စုရုံး) ချီတက်လာခဲ့ကြကုန်၏။ ထိုမှတစ်ပါးအကြင်အခါဝယ် မျက်စိများသည် (ကြောက်ရွံ့ထိတ်လန့်မှုကြောင့်) ပြူး၍သွားခဲ့ကြကုန်၏။ ထို့ပြင် နှလုံးများမှာလည်းလည်မျိုသို့ရောက်ရှိ၍သွားခဲ့ကြ၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အမျိုးမျိုးသောထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြကုန်သတည်း။
هُنَالِكَ ابْتُلِيَ الْمُؤْمِنُونَ وَزُلْزِلُوا زِلْزَالًا شَدِيدًا
ထိုရောအခါဝယ် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့မှာ စမ်းသပ်ခြင်းခံခဲ့ကြရသည့်ပြင်၊ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားစေခြင်းကိုလည်း ခံခဲ့ကြရကုန်၏။

Choose other languages: