Quran Apps in many lanuages:

Surah Al-Ahzab Ayahs #59 Translated in Burmese

لَا جُنَاحَ عَلَيْهِنَّ فِي آبَائِهِنَّ وَلَا أَبْنَائِهِنَّ وَلَا إِخْوَانِهِنَّ وَلَا أَبْنَاءِ إِخْوَانِهِنَّ وَلَا أَبْنَاءِ أَخَوَاتِهِنَّ وَلَا نِسَائِهِنَّ وَلَا مَا مَلَكَتْ أَيْمَانُهُنَّ ۗ وَاتَّقِينَ اللَّهَ ۚ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ شَهِيدًا
ထိုကြင်ရာတော်များအပေါ်ဝယ် မိမိတို့ဖခင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့အစ်ကိုများ၊ မောင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ ထိုနည်းတူစွာ မိမိတို့၏အစ်မများ၊ ညီမများ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့ (သာသနာဝင်)မိန်းမချင်းတို့(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်ကြသော ကျွန်မများ(၏ ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ထိုမှတစ်ပါး (အို-ကြင်ရာတော်အပေါင်းတို့၊) အသင်မတို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် အသိသက်သေဖြစ်တော် မူပေသတည်း။
إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြ လေကုန်။
إِنَّ الَّذِينَ يُؤْذُونَ اللَّهَ وَرَسُولَهُ لَعَنَهُمُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ وَأَعَدَّ لَهُمْ عَذَابًا مُهِينًا
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ စိတ်ဒုက္ခပေးကြကုန်သော သူတို့အား အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။
وَالَّذِينَ يُؤْذُونَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ بِغَيْرِ مَا اكْتَسَبُوا فَقَدِ احْتَمَلُوا بُهْتَانًا وَإِثْمًا مُبِينًا
မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊မိန်းမများအား၊ ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိဘဲလျက် စိတ်ဒုက္ခပေးကြသောသူတို့မှာမူကား မတရားယိုးစွပ်မှုကိုလည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ထမ်းဆောင်ခဲ့ကြကုန်သတည်း၊
يَا أَيُّهَا النَّبِيُّ قُلْ لِأَزْوَاجِكَ وَبَنَاتِكَ وَنِسَاءِ الْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِنْ جَلَابِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰ أَنْ يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ(စောင်ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ်ဆွဲချတွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည်နှောင့်ယှက်ခြင်းခံကြရမည်မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။

Choose other languages: