Quran Apps in many lanuages:

Surah Al-Ahzab Ayahs #22 Translated in Burmese

قَدْ يَعْلَمُ اللَّهُ الْمُعَوِّقِينَ مِنْكُمْ وَالْقَائِلِينَ لِإِخْوَانِهِمْ هَلُمَّ إِلَيْنَا ۖ وَلَا يَأْتُونَ الْبَأْسَ إِلَّا قَلِيلًا
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် နှောင့်ယှက်တားဆီးကြသောသူတို့အား လည်းကောင်း၊ မိမိတို့၏ညီအစ်ကိုများအား အသင်တို့သည် ကျွန်ုပ်တို့ထံလာခဲ့ကြကုန်လော့ ဟု ပြောဆိုကြကုန်သော သူတို့အားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား၎င်းတို့သည် အမည်ခံအားဖြင့်သာလျှင် စစ်တိုက်ရာသို့လာကြကုန်၏။
أَشِحَّةً عَلَيْكُمْ ۖ فَإِذَا جَاءَ الْخَوْفُ رَأَيْتَهُمْ يَنْظُرُونَ إِلَيْكَ تَدُورُ أَعْيُنُهُمْ كَالَّذِي يُغْشَىٰ عَلَيْهِ مِنَ الْمَوْتِ ۖ فَإِذَا ذَهَبَ الْخَوْفُ سَلَقُوكُمْ بِأَلْسِنَةٍ حِدَادٍ أَشِحَّةً عَلَى الْخَيْرِ ۚ أُولَٰئِكَ لَمْ يُؤْمِنُوا فَأَحْبَطَ اللَّهُ أَعْمَالَهُمْ ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
အသင်တို့အပေါ်၌ တွန့်တိုကြလျက် တဖန်စိုးရိမ်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့သည်ရှိသော် ၎င်းတို့သည် သေခြင်းတရား ဆိုက်ရောက်လာသဖြင့် မေ့မြောနေသောသူကဲ့သို့ မျက်စိများမူးဝေလျက်ရှိပြီး အသင့်ဘက်သို့ကြည့်ရှုနေကြသည်ကို အသင်သည် တွေ့မြင်ရလေသည်။တဖန် စိုးရိမ်မှု ပပျောက်သွားလေသောအခါ ဝယ် ၎င်းတို့သည်(လက်ရ)ပစ္စည်းများအပေါ်၌ လောဘရမ္မက်ထားရှိကြလျက်ထက်မြက်သောနှုတ်သီးများဖြင့် အသင်တို့အား နာကြည်းစေရန် စောင်းမြောင်းပြောဆိုကြကုန်၏။ ထိုသူတို့ကား သက်ဝင်ယုံကြည်ခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား ဤသည် အလ္လာဟ် အရှင်မြတ်အဖို့ (လွန်စွာ) လွယ်ကူလှပေတကား။
يَحْسَبُونَ الْأَحْزَابَ لَمْ يَذْهَبُوا ۖ وَإِنْ يَأْتِ الْأَحْزَابُ يَوَدُّوا لَوْ أَنَّهُمْ بَادُونَ فِي الْأَعْرَابِ يَسْأَلُونَ عَنْ أَنْبَائِكُمْ ۖ وَلَوْ كَانُوا فِيكُمْ مَا قَاتَلُوا إِلَّا قَلِيلًا
၎င်းတို့သည် သွေးစည်းထားသော (ကာဖိရ်မဟာမိတ်)အုပ်စုတို့မှာ (ယခုတိုင်အောင်) မသွားကြသေး ဟုထင်မှတ်နေကြကုန်၏။ သို့ရာတွင် ထိုသွေးစည်းထားသော အုပ်စုများရောက်ရှိ၍ လာကြလျှင်၊ ၎င်းတို့မှာ အကယ်၍ ကျွန်ုပ်တို့သည် ကျေး လက်တောရွာများ၌ နေထိုင်ခဲ့ကြပြီး အသင်တို့၏သတင်းများ စုံစမ်းမေးမြန်းလျက်ရှိကြသော် ကောင်း လေစွဟု နှစ်သက်လိုလားကြပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်တို့နှင့်အတူ ရှိနေခဲ့ကြလျှင်လည်း အနည်းငယ်မျှသာလျှင် တိုက်ခိုက်ကြပေမည်။
لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا
ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ကြောက်ရွံ့သည့်ပြင် အလ္လာဟ်အရှင်မြတ်အား များစွာ အောက်မေ့တçသç သတိရလျက်ရှိသူ၏အဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိပေသည်။
وَلَمَّا رَأَى الْمُؤْمِنُونَ الْأَحْزَابَ قَالُوا هَٰذَا مَا وَعَدَنَا اللَّهُ وَرَسُولُهُ وَصَدَقَ اللَّهُ وَرَسُولُهُ ۚ وَمَا زَادَهُمْ إِلَّا إِيمَانًا وَتَسْلِيمًا
အမှန်စင်စစ်သော်ကား မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့သည် သွေးစည်းထားသောအုပ်စု တို့အားတွေ့မြင်ခဲ့ကြသောအခါ ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်မြတ်သည်လည်းကောင်း၊ ချိန်းချက်တော်မူခဲ့သောကိစ္စပင်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်မြတ်သည်လည်းကောင်း၊ မှန်ကန်စွာ(သတင်းပေး)မိန့်ကြားတော်မူခဲ့သည်ဟုပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ယင်းကိစ္စသည် ၎င်းတို့၌ အီမာန်ယုံကြည်မှုနှင့်လိုက်နာမှုကိုသာ တိုးပွားများပြားစေခဲ့လေသတည်း။

Choose other languages: