Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #33 Translated in Burmese

وَإِذْ صَرَفْنَا إِلَيْكَ نَفَرًا مِنَ الْجِنِّ يَسْتَمِعُونَ الْقُرْآنَ فَلَمَّا حَضَرُوهُ قَالُوا أَنْصِتُوا ۖ فَلَمَّا قُضِيَ وَلَّوْا إِلَىٰ قَوْمِهِمْ مُنْذِرِينَ
(အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုတမန်တော်မြတ်ရှိရာသို့ ရောက်ရှိခဲ့ကြသောအခါ ၎င်းတို့က (မိမိတို့အချင်းချင်း)အသင်တို့သည် ဆိတ်ဆိတ်နေကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ် (ဖတ်ကြား၍)ပြီးဆုံးသွားသောအခါ ၎င်းတို့သည် မိမိတို့အမျိုးသားတို့ထံ သတိပေး နှိုးဆော်သူတို့အဖြစ် လှည့်ပြန်ခဲ့ကြကုန်၏။
قَالُوا يَا قَوْمَنَا إِنَّا سَمِعْنَا كِتَابًا أُنْزِلَ مِنْ بَعْدِ مُوسَىٰ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ يَهْدِي إِلَى الْحَقِّ وَإِلَىٰ طَرِيقٍ مُسْتَقِيمٍ
၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ "အို-ကျွန်ုပ်တို့၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်တို့သည်(နဗီတမန်တော်)မူစာ၏နောက်တွင် ချပေးခြင်းခံခဲ့ရလေသော ကျမ်းဂန်တစ်စောင်ကို ကြားနားခဲ့ကြရကုန်၏။ (ယင်းကျမ်းဂန်သည်) ၎င်း၏အလျင်ရှိခဲ့သော ကျမ်းဂန်တို့ကို ထောက်ခံလျက်ရှိ၏။ အမှန်တရားကိုလည်းကောင်း၊ ဖြောင့်မတ်သောတရားလမ်းကိုလည်းကောင်း၊ ညွှန်ပြ၏။
يَا قَوْمَنَا أَجِيبُوا دَاعِيَ اللَّهِ وَآمِنُوا بِهِ يَغْفِرْ لَكُمْ مِنْ ذُنُوبِكُمْ وَيُجِرْكُمْ مِنْ عَذَابٍ أَلِيمٍ
အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုဖိတ်ခေါ်သူအား သက်ဝင်ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှလည်း ကာကွယ် စောင့်ရှောက်တော်မူပေမည်။
وَمَنْ لَا يُجِبْ دَاعِيَ اللَّهِ فَلَيْسَ بِمُعْجِزٍ فِي الْأَرْضِ وَلَيْسَ لَهُ مِنْ دُونِهِ أَوْلِيَاءُ ۚ أُولَٰئِكَ فِي ضَلَالٍ مُبِينٍ
သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံခြင်းမပြုခဲ့မူ ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်သူမဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် ထိုသူ၌ ကာကွယ်စောင့်ရှောက်အံ့သော သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပြီ။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ ပင်ရှိနေကြကုန်သတည်း။
أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَلَمْ يَعْيَ بِخَلْقِهِنَّ بِقَادِرٍ عَلَىٰ أَنْ يُحْيِيَ الْمَوْتَىٰ ۚ بَلَىٰ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သည်သာမက ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့ကို ဖန်ဆင်းတော်မူသောကြောင့် ညောင်းညာမောပန်းတော်မူခြင်း မရှိခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူသေတို့အား ရှင်စေခြင်းကို စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း၊ ၎င်းတို့သည် မစဉ်းစား မဆင်ခြင် မတွေ့မမြင်ခဲ့ကြလေသလော။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Choose other languages: