Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #34 Translated in Burmese

وَلَقَدْ نَجَّيْنَا بَنِي إِسْرَائِيلَ مِنَ الْعَذَابِ الْمُهِينِ
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အီစ်ရာအီလီအမျိုးသားတို့အား ကျိုးယုတ်ရှက်ရခြင်း ဖြစ်စေသောပြစ်ဒဏ်မှ လွတ်မြောက်စေခဲ့တော်မူ၏။
مِنْ فِرْعَوْنَ ۚ إِنَّهُ كَانَ عَالِيًا مِنَ الْمُسْرِفِينَ
ဖစ်ရ်အောင်န်၏ထံမှဖြစ်သော။ မုချစင်စစ်၊ ထိုဖစ်ရ်အောင်န်သည် ဆိုးသွမ်းသောင်းကျန်းသူ၊ စည်းကမ်းကျူးလွန်သူ တစ်ဦးပင်ဖြစ်ခဲ့၏။
وَلَقَدِ اخْتَرْنَاهُمْ عَلَىٰ عِلْمٍ عَلَى الْعَالَمِينَ
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်သည် သိတော်မူလျက် ထိုအီစ်ရာအီလီအမျိုးသားတို့အား ကမ္ဘာသူကမ္ဘာသားတို့ ထက်ဝယ် ရွေးချယ်မြှောက်စားတော်မူခဲ့၏။
وَآتَيْنَاهُمْ مِنَ الْآيَاتِ مَا فِيهِ بَلَاءٌ مُبِينٌ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ထင်ရှားစွာသော ကျေးဇူးတော်ပါရှိလေသော သက်သေလက္ခဏာတော်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ ပေသတည်း။
إِنَّ هَٰؤُلَاءِ لَيَقُولُونَ
ဧကန်မလွဲ ဤသူတို့သည် အမှန်ပင်(ဤသို့)ပြောဆိုကြကုန်၏။

Choose other languages: