Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #36 Translated in Burmese

وَلَقَدِ اخْتَرْنَاهُمْ عَلَىٰ عِلْمٍ عَلَى الْعَالَمِينَ
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်သည် သိတော်မူလျက် ထိုအီစ်ရာအီလီအမျိုးသားတို့အား ကမ္ဘာသူကမ္ဘာသားတို့ ထက်ဝယ် ရွေးချယ်မြှောက်စားတော်မူခဲ့၏။
وَآتَيْنَاهُمْ مِنَ الْآيَاتِ مَا فِيهِ بَلَاءٌ مُبِينٌ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ထင်ရှားစွာသော ကျေးဇူးတော်ပါရှိလေသော သက်သေလက္ခဏာတော်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ ပေသတည်း။
إِنَّ هَٰؤُلَاءِ لَيَقُولُونَ
ဧကန်မလွဲ ဤသူတို့သည် အမှန်ပင်(ဤသို့)ပြောဆိုကြကုန်၏။
إِنْ هِيَ إِلَّا مَوْتَتُنَا الْأُولَىٰ وَمَا نَحْنُ بِمُنْشَرِينَ
ထိုသေဆုံးခြင်းဟူသည် ကျွန်ုပ်တို့၏ ပထမ သေဆုံးခြင်းပင်ဖြစ်၏။ ၎င်းပြင် ကျွန်ုပ်တို့သည်(ဒုတိယအကြိမ်)ရှင်ပြန်ထစေခြင်းကို ခံကြရမည် မဟုတ်ပေ။
فَأْتُوا بِآبَائِنَا إِنْ كُنْتُمْ صَادِقِينَ
သို့ဖြစ်ပေရာ(အို-မုစ်လင်မ်အပေါင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် သေဆုံးခဲ့ကြပြီးဖြစ်သော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန် ရှင်စေပြီး) ခေါ်ယူခဲ့ကြလေကုန်။

Choose other languages: