Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #31 Translated in Burmese

وَنَعْمَةٍ كَانُوا فِيهَا فَاكِهِينَ
မိမိတို့ မွေ့လျော်စံပျော်လျက် ရှိခဲ့ကြသော စည်းစိမ်ချမ်းသာတို့ကိုလည်းကောင်း၊ စွန့်ထားခဲ့ကြကုန်၏။
كَذَٰلِكَ ۖ وَأَوْرَثْنَاهَا قَوْمًا آخَرِينَ
(ဤအဖြစ်အပျက်သည်) ဤအတိုင်းပင်ဖြစ်၏။သို့�ာတွင် ငါအရှင်သည် ယင်းစည်းစိမ်ချမ်းသာများကို အခြားသော အမျိုးသားတို့အား အမွေဆက်ခံစေတော်မူခဲ့၏။
فَمَا بَكَتْ عَلَيْهِمُ السَّمَاءُ وَالْأَرْضُ وَمَا كَانُوا مُنْظَرِينَ
သို့တစေလည်း (ယင်းဖစ်ရ်အောင်န်၏အမျိုးသား)တို့နှင့် ပတ်သက်၍ မိုးကောင်းကင်သည်လည်း ငိုကြွေး(ဝမ်းနည်းကြေကွဲ)သည် မရှိခဲ့ပေ။ ပထဝီမြေ သည်လည်း ငိုကြွေး(ဝမ်းနည်း)သည် မရှိခဲ့ချေ။ ထိုမှတစ်ပါး ၎င်းတို့မှာ ရွှေ့ဆိုင်းခွင့်လည်း မရခဲ့ကြပေ။
وَلَقَدْ نَجَّيْنَا بَنِي إِسْرَائِيلَ مِنَ الْعَذَابِ الْمُهِينِ
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အီစ်ရာအီလီအမျိုးသားတို့အား ကျိုးယုတ်ရှက်ရခြင်း ဖြစ်စေသောပြစ်ဒဏ်မှ လွတ်မြောက်စေခဲ့တော်မူ၏။
مِنْ فِرْعَوْنَ ۚ إِنَّهُ كَانَ عَالِيًا مِنَ الْمُسْرِفِينَ
ဖစ်ရ်အောင်န်၏ထံမှဖြစ်သော။ မုချစင်စစ်၊ ထိုဖစ်ရ်အောင်န်သည် ဆိုးသွမ်းသောင်းကျန်းသူ၊ စည်းကမ်းကျူးလွန်သူ တစ်ဦးပင်ဖြစ်ခဲ့၏။

Choose other languages: