Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #15 Translated in Burmese

يَغْشَى النَّاسَ ۖ هَٰذَا عَذَابٌ أَلِيمٌ
ယင်းအခိုးအငွေ့သည် (ဤ)သူအားလုံးတို့ကို ဖုံးလွှမ်း၍သွားပေမည်။ ဤသည် အလွန်တရာ နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်ပင်ဖြစ်မည်။
رَبَّنَا اكْشِفْ عَنَّا الْعَذَابَ إِنَّا مُؤْمِنُونَ
(ထိုရောကာလ ၎င်းတို့သည် ဤသို့လျှောက်ထားပေမည်)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်တော်မျိုးမှ ဖယ်ရှား၍ ပေးသနားတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည် ကြပါတော့မည်။
أَنَّىٰ لَهُمُ الذِّكْرَىٰ وَقَدْ جَاءَهُمْ رَسُولٌ مُبِينٌ
၎င်းတို့အဖို့ သတိရခြင်းသည် အဘယ်မှာလျှင်ရှိတော့သနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်သည် ထင်ရှားစွာသော(သက်သေ လက္ခဏာများနှင့်တကွ)ဧကန်အမှန် ရောက်ရှိ၍လာခဲ့ချေပြီ။
ثُمَّ تَوَلَّوْا عَنْهُ وَقَالُوا مُعَلَّمٌ مَجْنُونٌ
ထို့နောက်သော်မှပင် ၎င်းတို့သည် ထိုရစူလ်တမန်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က (ရစူလ်တမန်တော်အား သူတစ်ပါး)သင်ကြား ပို့ချ၍ပေးခြင်းကို ခံရသောသူ(ဟူ၍လည်းကောင်း၊) ရူးသွပ်နေသောသူ(ဟူ၍လည်းကောင်း၊) စွပ်စွဲ ပြောဆိုခဲ့ကြကုန်၏။
إِنَّا كَاشِفُو الْعَذَابِ قَلِيلًا ۚ إِنَّكُمْ عَائِدُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် အနည်းငယ်မျှ ကာလတိုင်အောင် ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးတော်မူမည်ဖြစ်သည်။ သို့တစေလည်း ဧကန်မလွဲ အသင်တို့သည် (မူလအခြေအနေသို့) ပြန်ပြောင်း၍ လာကြအံ့သော သူတို့ပင် ဖြစ်ကြကုန်၏။

Choose other languages: