Quran Apps in many lanuages:

Surah Abasa Ayahs #7 Translated in Burmese

وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ
အသင် သိပါသလော၊ စင်စစ် မျက်စိမမြင်သောသူသည် စင်ကြယ်သန့်ရှင်းသူ ဖြစ်တန်ရာသည်။
أَوْ يَذَّكَّرُ فَتَنْفَعَهُ الذِّكْرَىٰ
သို့တည်းမဟုတ် ထိုသူသည် တရားရသွားနိုင်ပေသည်။ (ဆင်ခြင်နိုင်ပေသည်)။ သို့ဖြစ်လျှင် ဆုံးမ ဩဝါဒပေးခြင်းသည် ထိုသူအား အကျိုးဖြစ်ထွန်းစေနိုင်မည်။
أَمَّا مَنِ اسْتَغْنَىٰ
မည်သို့ပင်ဖြစ်စေ အကြင်သူသည် အလေးမမူဂရုမစိုက်ခဲ့ချေ။
فَأَنْتَ لَهُ تَصَدَّىٰ
သို့ပါလျက် အသင်သည် ထိုသူအား ဂရုစိုက်အရေးပေးသည်။
وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ
စင်စစ်သော်ကား ထိုသူ မစင်ကြယ်သည့်အတွက် အသင့်အပေါ်၌ မည်သို့မျှ အပြစ်မရှိချေ။

Choose other languages: