Quran Apps in many lanuages:

Surah Abasa Ayahs #20 Translated in Burmese

كِرَامٍ بَرَرَةٍ
(ထိုကောင်းကင်တမန်များသည်) ဂုဏ်အင်ဒြပ်ထူးကဲကြသော၊ သူတော်စင်များဖြစ်ကြကုန်သော (ကောင်းကင်တမန်များ ဖြစ်ကြပေသတည်း)။
قُتِلَ الْإِنْسَانُ مَا أَكْفَرَهُ
မနူဿလူသားသည် ပျက်စီးပါစေ၊ (ပျက်စီးချိမ့်သတည်း)။ ၎င်းသည် အဘယ်မျှလောက် ကျေးဇူးကန်းဘိသနည်း။
مِنْ أَيِّ شَيْءٍ خَلَقَهُ
ထိုအရှင်မြတ်သည် ၎င်းအား မည်သည့်အရာဖြင့် ဖန်ဆင်းတော်မူပါသနည်း။
مِنْ نُطْفَةٍ خَلَقَهُ فَقَدَّرَهُ
ထိုအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင် မြတ်သည် ၎င်းအား နှိုင်းချိန်တိုင်းဆခန့်မှန်း၍ ပြုလုပ်တော်မူ၏။
ثُمَّ السَّبِيلَ يَسَّرَهُ
ထို့နောက် ထိုအရှင်မြတ်သည် ၎င်း၏အဖို့ လမ်းကို လွယ်ကူစေတော်မူ၏။

Choose other languages: