Quran Apps in many lanuages:

Surah Abasa Ayahs #15 Translated in Burmese

كَلَّا إِنَّهَا تَذْكِرَةٌ
(အို-နဗီတမန်တော်၊ အသင်သည်) ဤသို့ အလျင်းမပြုပါလေနှင့်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ဆုံးမဩဝါဒပင်ဖြစ်ပေသည်။
فَمَنْ شَاءَ ذَكَرَهُ
သို့ဖြစ်ပေရာ အလိုရှိသောသူသည် ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သားပေလိမ့်မည်။
فِي صُحُفٍ مُكَرَّمَةٍ
(ယင်းဆုံးမဩဝါဒသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အရွက်များပေါ်၌ (ရေးသားပြီး)ဖြစ်၏။
مَرْفُوعَةٍ مُطَهَّرَةٍ
(ယင်းအရွက်များသည်) မြင့်မြတ်သော၊ စင်ကြယ်သန့်ရှင်းသော(အရွက်များ ဖြစ်သည်)။
بِأَيْدِي سَفَرَةٍ
(ယင်းအရွက်များသည်) ရေးသားကြသော ကောင်းကင်တမန်တို့၏ လက်တွင်း၌ရှိ၏။

Choose other languages: