Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #191 Translated in Burmese

وَإِذْ أَخَذَ اللَّهُ مِيثَاقَ الَّذِينَ أُوتُوا الْكِتَابَ لَتُبَيِّنُنَّهُ لِلنَّاسِ وَلَا تَكْتُمُونَهُ فَنَبَذُوهُ وَرَاءَ ظُهُورِهِمْ وَاشْتَرَوْا بِهِ ثَمَنًا قَلِيلًا ۖ فَبِئْسَ مَا يَشْتَرُونَ
ထို့ပြင်တဝ (အသင်တို့သည် ပြန်လည် အောက်မေ့သတိရရှိကြလေကုန်) အခါတစ်ပါး၌ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အလျင်) ကျမ်းဂန်ကို ချီးမြှင်ပေးသနားတော်မူခြင်းခံကြရသောသူတို့၏ထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူခဲ့လေသည်။ မုချဧကန် အသင်တို့သည် ယင်းကျမ်းဂန် (လာတရားဒေသနာတော်များ)ကို ထိမ်ချန်မထားကြဘဲလူသားတို့ (သိစိမ့်သော)ငှာ အတိအကျ ထင်ရှားစေကြရမည်။(သို့ရာတွင်) ထိုသူတို့သည် သို့(ပဋိညာဉ် ဝန်ခံချက်ထားရှိခဲ့ကြ)ပါလျက်နှင့်ပင်၊ ယင်းကျမ်းဂန်ကို မိမိတို့၏ ကျောနောက်သို့ပစ်ထားခဲ့ကြ၏။ ၎င်းပြင် အနည်းငယ်မျှသော အဘိုးအခနှင့်ယင်းကျမ်းဂန်(လာဒေသနာတော်များ)ကို ရောင်းစားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုသူတို့လဲလှယ်ဝယ်ယူကြကုန်သောအဖိုးအခသည် အလွန်တရာမျှပင် ယုတ်ညံ့သိမ်ဖျင်း လှပေသည်တကား။
لَا تَحْسَبَنَّ الَّذِينَ يَفْرَحُونَ بِمَا أَتَوْا وَيُحِبُّونَ أَنْ يُحْمَدُوا بِمَا لَمْ يَفْعَلُوا فَلَا تَحْسَبَنَّهُمْ بِمَفَازَةٍ مِنَ الْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် မိမိတို့ မပြုခဲ့ကြသော(ကောင်းမှု)ကိစ္စနှင့်စပ်လျဉ်း၍ (လူအများ၏) ချီးမွမ်းခြင်းကိုခံလိုကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား (ဤလောကတွင်လည်း) ပြစ်ဒဏ်မှ လွတ်မြောက်ကြမည်ဟူ၍အလျင်း မထင်မှတ်လေနှင့်။ ၎င်းပြင် ထိုသူတို့အဖို့ (နောင်တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အမှန် စင်စစ်သော်ကား အာကာသကောင်းကင်များနှင့်ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စွမ်းဆောင်တော်မူနိုင်သော အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူပေသတည်း။
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ لَآيَاتٍ لِأُولِي الْأَلْبَابِ
ဧကန်စင်စစ် အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊ နေ့နှင့်ညဉ့်တို့၏ ပြောင်းလဲမှု၌လည်းကောင်း နိသမ္မဉာဏ်ရှင်များအဖို့(တစ်ဆူတည်းဖြစ်တော် မူသောအလ္လာဟ်အရှင်မြတ်အားထင်ရှားသိစေနိုင်သော)သက်သေသာဓကများ မုချရှိပေသည်။
الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ رَبَّنَا مَا خَلَقْتَ هَٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ
အကြင် နိသမ္မဉာဏ်ရှင်များသည် အလ္လာဟ်အရှင်မြတ်အား မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်း ကောင်း၊ လဲလျောင်းလျက်လည်းကောင်း (အခါခပ်သိမ်း)အောက်မေ့တသ သတိရကြ၏။ ၎င်းပြင် ထိုသူတို့သည်အာကာသ ကောင်းကင် ဘုံများနှင့် ကမ္ဘာမြေကိုဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ စဉ်းစားဆင်ခြင်(ကာဤသို့လျှောက်ထား)ကြ၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊အရှင်မြတ်သည် ဤ(ဖန်ဆင်းထားသောအရာများ)ကို အချည်းနှီး ဖန်ဆင်းထားတော်မူသည်မဟုတ်ပါ၊ အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါ၏။ သို့ဖြစ်ပါ၍အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏ပြစ်ဒဏ်မှဖယ်ရှားတော်မူပါ။

Choose other languages: