Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #132 Translated in Burmese

لَيْسَ لَكَ مِنَ الْأَمْرِ شَيْءٌ أَوْ يَتُوبَ عَلَيْهِمْ أَوْ يُعَذِّبَهُمْ فَإِنَّهُمْ ظَالِمُونَ
(အို- နဗီတမန်တော်) ဤကိစ္စနှင့်စပ်လျဉ်း၍အသင်တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိချေ။ ထိုအရှင်မြတ်သည် ထိုသူတို့ဖက်သို့ ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊ အဘယ်ကြောင့်ဟူမူ ထိုသူများသည်မုချဧကန် မတော်မတရားကျူးလွန်သောသူများဖြစ်ကြပေသည်။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများချည်းသာ�ည်း။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို အပြစ်မှချမ်းသာပေးသနားတော်မူသည်။၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူကိုအပြစ်ပေးတော်မူလေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များမှ အလွန်ချမ်းသာခွင့် ပေးသနားတော်မူထသောအရှင်၊ အစဉ်သနားကြင်နာ ညှာတာတော်မူထသောအရှင် ဖြစ်တော်မူပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا الرِّبَا أَضْعَافًا مُضَاعَفَةً ۖ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
အို- မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့။ အသင်တို့သည် ဆထက်တိုးပြီးဖြစ်သော၊ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။4င်းပြင် အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေ ကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြ ကုန်အံ့။
وَاتَّقُوا النَّارَ الَّتِي أُعِدَّتْ لِلْكَافِرِينَ
ထိုမှတစ်ပါးတုံ အသင်တို့သည် ကာဖိရ် မယုံကြည် သွေဖယ်ငြင်းပယ်ကြကုန်သော သူတို့ အဖို့ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော (ငရဲ)မီး ဘေးမှ(လည်း) ကြဉ်ရှောင်ကြလေကုန်။
وَأَطِيعُوا اللَّهَ وَالرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို၎င်း၊ ရစူလ် တမန်တော်၏ဩဝါဒများကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကြင်နာ ညှာတာ တော်မူခြင်းကို ခံကြရလတ္တံ့။

Choose other languages: