Surah Aal-E-Imran Ayahs #103 Translated in Burmese
قُلْ يَا أَهْلَ الْكِتَابِ لِمَ تَصُدُّونَ عَنْ سَبِيلِ اللَّهِ مَنْ آمَنَ تَبْغُونَهَا عِوَجًا وَأَنْتُمْ شُهَدَاءُ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အိုကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသူတို့အား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်မှ ထိုတရားလမ်း တော်၌ ကွေ့ကောက်မှုကို ရှာဖွေစူးစမ်း(ဖန်တည်း)ကာ အဘယ်ကြောင့် ပိတ်ပင်တားဆီးကြပါသနည်း။စင်စစ်တမူကား (အလ္လာဟ်အရှင်မြတ်၏ တရားလမ်းစဉ် မှန်ကန်ကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့ ကိုယ်တိုင်ပင်လျှင်အသိသက်သေများဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကိုမေ့လျော့ လျစ်လျူရှုတော်မူမည့် အရှင်လည်းမဟုတ်ချေ။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا فَرِيقًا مِنَ الَّذِينَ أُوتُوا الْكِتَابَ يَرُدُّوكُمْ بَعْدَ إِيمَانِكُمْ كَافِرِينَ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် (အထက်)ကျမ်းဂန်ရရှိသူ တို့အနက် လူတစ်စု(၏စကား)ကို လိုက်နာကြပါမူ ယင်းသူတို့သည် အသင်တို့အား အသင်တို့ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြီးနောက်ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူများအဖြစ်သို့ပြန်လည်ရောက်ရှိစေကြကုန်အံ့။
وَكَيْفَ تَكْفُرُونَ وَأَنْتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَنْ يَعْتَصِمْ بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ
အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မုစ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။
وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَانًا وَكُنْتُمْ عَلَىٰ شَفَا حُفْرَةٍ مِنَ النَّارِ فَأَنْقَذَكُمْ مِنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ
ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
