Quran Apps in many lanuages:

Surah Yusuf Ayahs #56 Translated in Burmese

ذَٰلِكَ لِيَعْلَمَ أَنِّي لَمْ أَخُنْهُ بِالْغَيْبِ وَأَنَّ اللَّهَ لَا يَهْدِي كَيْدَ الْخَائِنِينَ
ဤ(သို့အပြစ်ကင်းကြောင်းကို ထင်ရှားစေခြင်းသည်)ကား ထိုအဇိဇ်သည် ၎င်း၏နောက်ကွယ်ရာတွင် ၎င်းအားကျွန်ုပ် အမှန်ပင် သစ္စာမဖောက်ခဲ့ကြောင်း ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သောသူတို့၏အကြံအစည်ကို (အထမြောက်အောင်မြင်စေရန်အလို့ငှာ)နည်းလမ်းပေးတော်မူသည်မဟုတ်ကြောင်း (ပိုမိုကောင်းမွန်စွာ)သိနားလည်ရန် ဖြစ်ပေသတည်း။
وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَحِيمٌ
စင်စစ်သော်ကား ကျွန်ုပ်သည် မိမိကိုယ်ကိုအပြစ်မှကင်းလွတ်သည်ဟု မဆိုလိုပေ။ အကြောင်း သော်ကားဧကန်မလွဲ စိတ်နှလုံးများသည် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းလေ့ရှိကြသောကြောင့်ပင်။ သို့ရာတွင်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်က သနားကရုဏာပြုတော်မူသည့် (စိတ်နှလုံးမှာမူ အပြစ်မှလွတ်ကင်းနိုင်ပေသည်။) မလွဲဧကန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَقَالَ الْمَلِكُ ائْتُونِي بِهِ أَسْتَخْلِصْهُ لِنَفْسِي ۖ فَلَمَّا كَلَّمَهُ قَالَ إِنَّكَ الْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌ
ထိုအခါ ဘုရင်မင်းမြတ်က အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်။ ငါသည် ၎င်းအား မိမိအဖို့ ရွေးချယ်အံ့ဟု အမိန့်ပေးခဲ့လေသည်။ တစ်ဖန်ယင်းယူဆွဖ်သည် ထိုဘုရင်နှင့် စကားပြောဆိုလေသောအခါ၊ထိုဘုရင်က (ယူဆွဖ်အား) အသင်သည် ယနေ့မှစ၍ ကျွန်ုပ်၏ထံတွင် မြင့်မြတ်သောဂုဏ်ဒြပ်နှင့်ပြည့်စုံသူ၊ ယုံကြည်စိတ်ချအပ်သူဖြစ်သည်ဟု ချီးမြှင့်ပြောကြား မြှောက်စား ခဲ့လေသတည်း။
قَالَ اجْعَلْنِي عَلَىٰ خَزَائِنِ الْأَرْضِ ۖ إِنِّي حَفِيظٌ عَلِيمٌ
(ထိုရောအခါ) ယင်းယူစုဖ်က အသင်သည်ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာတော်များအပေါ်၌ (ကြီးကြပ်အုပ်ထိန်းသူအဖြစ်) ခန့်အပ်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်သည်ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်ဟုပြောကြားခဲ့လေ၏။
وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَاءُ ۚ نُصِيبُ بِرَحْمَتِنَا مَنْ نَشَاءُ ۖ وَلَا نُضِيعُ أَجْرَ الْمُحْسِنِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ယူဆွဖ်အား တိုင်းပြည်တွင် ထိုယူဆွဖ်သည် ယင်းတိုင်းပြည်၌ မိမိနေလိုသောနေရာတွင်နေထိုင်ရန် အာဏာကိုချီးမြှင့်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၌ မိမိကရုဏာတော်ကို သက်ရောက်စေတော်မူ၏။၎င်းပြင် ငါအရှင်မြတ်သည် ကောင်းမှုပြုလုပ်သူတို့၏အကျိုးကိုအချည်းအနှီး ဖြစ်စေတော်မူသည် မဟုတ်ပေ။

Choose other languages: