Quran Apps in many lanuages:

Surah Ya-Seen Ayahs #53 Translated in Burmese

مَا يَنْظُرُونَ إِلَّا صَيْحَةً وَاحِدَةً تَأْخُذُهُمْ وَهُمْ يَخِصِّمُونَ
(စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့အား ဖမ်းဆီးကွပ်မျက်အံ့သော ပြင်းထန်စွာ ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်မျှော်၍ နေကြကုန်၏။ ထိုအခါ၌ ၎င်းတို့သည် မိမိတို့အချင်းချင်း အငြင်းပွားလျက်ပင် ရှိကြပေမည်။
فَلَا يَسْتَطِيعُونَ تَوْصِيَةً وَلَا إِلَىٰ أَهْلِهِمْ يَرْجِعُونَ
သို့ဖြစ်ရာ ၎င်းတို့သည် တစ်စုံတစ်ရာသော သေတမ်းစကားကို မှာကြားနိုင်ကြမည် မဟုတ်ပေ။ မိမိတို့၏ အိမ်သူအိမ်သားတို့ထံ ပြန်သွားနိုင်ကြမည်လည်း မဟုတ်ပေ။
وَنُفِخَ فِي الصُّورِ فَإِذَا هُمْ مِنَ الْأَجْدَاثِ إِلَىٰ رَبِّهِمْ يَنْسِلُونَ
ထို့ပြင် တံပိုးခရာမှုတ်သောအခါ ရုတ်တရက် ၎င်းတို့သည် သင်္ချိုင်းများမှထွက်၍ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ လျင်မြန်စွာ လာကြပေမည်။
قَالُوا يَا وَيْلَنَا مَنْ بَعَثَنَا مِنْ مَرْقَدِنَا ۜ ۗ هَٰذَا مَا وَعَدَ الرَّحْمَٰنُ وَصَدَقَ الْمُرْسَلُونَ
၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ကြရလေခြင်း။ မည်သူသည် ငါတို့အား ငါတို့၏အိပ်ရာမှ ထစေသတည်း" ဟု ပြောဆိုညည်းညူကြပေမည်။ (ထိုအခါ "မလာအိကဟ်" ကောင်းကင်တမန်များက ဖြေကြားကြပေမည်။) ဤသည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင် ချိန်းချက်ထားတော်မူခဲ့သော ချိန်းချက်ပင်ဖြစ်၏။ စင်စစ် ရစူလ်တမန်တော်များသည် မှန်ကန်စွာ ပြောကြားခဲ့ကြပေသည်။
إِنْ كَانَتْ إِلَّا صَيْحَةً وَاحِدَةً فَإِذَا هُمْ جَمِيعٌ لَدَيْنَا مُحْضَرُونَ
ယင်း(တံပိုးခရာမှုတ်ခြင်း)မှာ ပြင်းထန်စွာ ဟစ်အော်သံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့အားလုံးသည် (တစ်ယောက်မကျန်) ငါအရှင်မြတ်အထံတော်သို့ ခေါ်ဆောင်လာခြင်းကို ခံကြရပေမည်။

Choose other languages: