Quran Apps in many lanuages:

Surah Ta-Ha Ayahs #56 Translated in Burmese

قَالَ عِلْمُهَا عِنْدَ رَبِّي فِي كِتَابٍ ۖ لَا يَضِلُّ رَبِّي وَلَا يَنْسَى
မူစာသည် (ဤသို့)ပြောကြားခဲ့၏။ ထိုရှေးဟောင်း မျိုးနွယ်တို့နှင့် ပတ်သက်သောအသိကား ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် မှတ်တမ်းစာအုပ်၌ရှိပေသည်။ (အမှန်စင်စစ်) ကျွန်ုပ်၏ အရှင်မြတ်သည် မှောက်မှားတော်မူသည်လည်း မဟုတ်ပေ။ မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَسَلَكَ لَكُمْ فِيهَا سُبُلًا وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ أَزْوَاجًا مِنْ نَبَاتٍ شَتَّىٰ
(ထိုအရှင်မြတ်သည်)အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည်ပင် ပထဝီမြေကို အခင်းအကျင်း ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ယင်းပထဝီမြေ၌အသင်တို့အဖို့ လမ်းများကိုလည်း ပြုလုပ်တော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခဲ့၏။ ထို့နောက် ငါအရှင် မြတ်သည်ပင် ထိုရေဖြင့်(အနံ့အရသာ)ကွဲပြားခြားနားသော ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့ကို ပေါက်ရောက်စေတော်မူခဲ့၏။
كُلُوا وَارْعَوْا أَنْعَامَكُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ
အသင်တို့သည်(မိမိတို့ကိုယ်တိုင်လည်း) စားသုံးကြလေကုန်။ ၎င်းပြင် မိမိတို့၏ခြေလေးချောင်း တိရစ္ဆာန်များကိုလည်း စားကျက်ချကြလေကုန်။ ဧကန်စင်စစ်(ဤသည်တို့)တွင် ဉာဏ်ရှင်များအဖို့ သက်သေသာဓကများရှိကုန်၏။
مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ
ယင်းပထဝီမြေကြီးမှပင် ငါအရှင်မြတ်သည်အသင်တို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ယင်းပထဝီမြေကြီး၌ပင် ငါအရှင်မြတ်သည် (အသင်တို့အားတစ်ဖန်ပြန်လည်၍ ရောက်စေတော်မူပေမည်။ ထိုမှတစ်ပါး ယင်းပထဝီမြေကြီးမှပင် ငါအရှင်မြတ်သည် အသင်တို့အား ဒုတိယအကြိမ် ထွက်စေတော်မူအံ့သတည်း။)
وَلَقَدْ أَرَيْنَاهُ آيَاتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ
၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)ကို (မူစာအားချီးမြှင့်တော်မူသော) မိမိ သက်သေလက္ခဏာတော် အလုံးစုံကို ပြသတော်မူခဲ့ပေသည်။ သို့ပါလျက်၎င်းသည် (ယင်းသက်သေလက္ခဏာများကို) မဟုတ်မမှန် ဟူ၍ဆိုခဲ့သည့်အပြင် (တစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်အားယုံကြည်ရန်လည်း) ငြင်းပယ်ခဲ့လေသည်။

Choose other languages: