Quran Apps in many lanuages:

Surah Ta-Ha Ayahs #35 Translated in Burmese

اشْدُدْ بِهِ أَزْرِي
အရှင်မြတ်သည် ယင်းဟာရူန်အားဖြင့် ကျွန်တော်မျိုး၏အင်အားကို ဖြည့်တင်း၍ပေးတော်မူပါ။
وَأَشْرِكْهُ فِي أَمْرِي
ထိုမှတစ်ပါး အရှင်မြတ်သည် ယင်းဟာရူန် အားကျွန်တော်မျိုး၏အရေးကိစ္စတွင်လည်း တွဲဖက်၍ ပေးတော်မူပါ။
كَيْ نُسَبِّحَكَ كَثِيرًا
ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ တဆ်ဗီဟ်(သန့်ရှင်းစင်ကြယ်တော်မူကြောင်း)ကို များစွာဂုဏ်တော်မွှမ်းနိုင်ကြအံ့သောငှာလည်းကောင်း။
وَنَذْكُرَكَ كَثِيرًا
ကျွန်တော်မျိုးတို့သည် အရှင်မြတ်အား များစွာအောက်မေ့တသ သတိရနိုင်ကြအံ့သောငှာ လည်းကောင်း။
إِنَّكَ كُنْتَ بِنَا بَصِيرًا
ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

Choose other languages: