Quran Apps in many lanuages:

Surah Ta-Ha Ayahs #6 Translated in Burmese

مَا أَنْزَلْنَا عَلَيْكَ الْقُرْآنَ لِتَشْقَىٰ
ငါအရှင်မြတ်သည် အသင် အတိဒုက္ခ ခံစားအံ့သောငှာ အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။
إِلَّا تَذْكِرَةً لِمَنْ يَخْشَىٰ
စင်စစ်မှာမူကား (ဤကုရ်အာန်ကျမ်းတော်မြတ်သည် ငါအရှင်မြတ်အား) ကြောက်ရွံ့ (ရိုသေသော) သူ၏အဖို့ဆုံးမဩဝါဒပင် ဖြစ်ပေသည်။
تَنْزِيلًا مِمَّنْ خَلَقَ الْأَرْضَ وَالسَّمَاوَاتِ الْعُلَى
ပထဝီမြေကိုလည်းကောင်း၊ မြင့်မားလှစွာသောမိုးကောင်းကင်များကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်မြတ်၏အထံတော်မှ ချပေးသနားတော်မူခြင်းပင် ဖြစ်၏။
الرَّحْمَٰنُ عَلَى الْعَرْشِ اسْتَوَىٰ
(ထို) ရဟ်မာန် အနန္တကရုဏာတော်ရှင်ကားအရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူ၏။
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ الثَّرَىٰ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတို့၏ အကြားဝယရှိသမျှတို့သည်လည်းကောင်း၊ မြေအောက်၌ရှိသမျှ တို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသည်လျှင် ဖြစ်ကုန်၏။

Choose other languages: