Quran Apps in many lanuages:

Surah Ta-Ha Ayahs #18 Translated in Burmese

إِنَّنِي أَنَا اللَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدْنِي وَأَقِمِ الصَّلَاةَ لِذِكْرِي
ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။
إِنَّ السَّاعَةَ آتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍ بِمَا تَسْعَىٰ
ဧကန်မလွဲ ကိယာမတ်သည် ရောက်ရှိလာ ပေမည်။ လူတိုင်းလူတိုင်းသည် မိမိကြိုးပမ်းမှု၏ အကျိုးကို ခံစားနိုင်အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကိယာမတ်နေ့ကို(မည်သူ့အားမျှအသိမပေးဘဲ) လျှို့ဝှက်ထားလိုတော်မူပေသည်။
فَلَا يَصُدَّنَّكَ عَنْهَا مَنْ لَا يُؤْمِنُ بِهَا وَاتَّبَعَ هَوَاهُ فَتَرْدَىٰ
သို့ဖြစ်ပေရာ ယင်းကိယာမတ်ကို မယုံကြည်ဘဲမိမိစိတ်အလိုဆန္ဒကို လိုက်စားသောသူသည် အသင့်အား ယင်းကိယာမတ်ကို ယုံကြည်ခြင်းမှ တားဆီးခြင်းမပြုစေနှင့်။ သို့မဟုတ်လျှင် အသင်သည်လည်း ပျက်စီးသွားအံ့သတည်း။
وَمَا تِلْكَ بِيَمِينِكَ يَا مُوسَىٰ
၎င်းပြင် အို-မူစာ၊ အသင်၏ လက်ယာဘက်လက်၌ ဤသည် အဘယ်အရာနည်း။
قَالَ هِيَ عَصَايَ أَتَوَكَّأُ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَآرِبُ أُخْرَىٰ
ယင်းမူစာက (အို-အရှင်)ဤသည် ကျွန်တော်မျိုး၏တောင်ဝှေးဖြစ်ပါသည်။ ကျွန်တော်မျိုးသည် ယင်းတောင်ဝှေးပေါ်၌ အမှီသဟဲပြုပါသည်။ ကျွန်တော်မျိုးသည် ယင်း တောင်ဝှေးဖြင့် မိမိဆိတ်များအဖို့ သစ်ခက်သစ်ရွက်များကိုလည်းခြွေပါသည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးအဖို့ ယင်းတောင်ဝှေး၌အခြားအလိုဆန္ဒများ (အလုပ်များ)လည်း ရှိပါသေးသည်ဟုလျှောက်ထား အစီရင်ခံခဲ့လေ၏။

Choose other languages: