Quran Apps in many lanuages:

Surah Ta-Ha Ayahs #135 Translated in Burmese

وَقَالُوا لَوْلَا يَأْتِينَا بِآيَةٍ مِنْ رَبِّهِ ۚ أَوَلَمْ تَأْتِهِمْ بَيِّنَةُ مَا فِي الصُّحُفِ الْأُولَىٰ
ထို့ပြင် ၎င်းတို့က ယင်း(မုဟမ္မဒ်)သည် အဘယ်ကြောင့် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ကျွန်ုပ်ထံယူဆောင်၍မလာပါသနည်းဟု ပြောဆိုကြကုန်၏။ အသို့ပါနည်း။ ၎င်းတို့ထံ ရှေးကျမ်းများ၌လာရှိသော ရှင်းလင်းချက်များသည် ရောက်ရှိမလာခဲ့လေသလော။
وَلَوْ أَنَّا أَهْلَكْنَاهُمْ بِعَذَابٍ مِنْ قَبْلِهِ لَقَالُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ مِنْ قَبْلِ أَنْ نَذِلَّ وَنَخْزَىٰ
စင်စစ် အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းတို့အား ထို(နဗီတမန်တော်မုဟမ္မဒ်၊ ထိုကုရ်အာန် မကျရောက်မီ)အလျင် ပြစ်ဒဏ်တစ်စုံတစ်ရာဖြင့် ပျက်စီးစေတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည်အဘယ်ကြောင့် ကျွန်တော် မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့(စေလွှတ်တော်မူခဲ့)ပါလျှင် ကျွန်တော်မျိုး တို့သည် မိမိတို့ဂုဏ်အသရေနိမ့်မကျကြမီ အလျင်၌လည်းကောင်း၊ ကျိုးယုတ်ရှက်ရ မဖြစ်ကြမီအလျင်လည်းကောင်း၊ အရှင်မြတ်၏ အမိန့်ပညတ်တော်များကိုလိုက်နာကြမည်သာဖြစ်ပါသည် ဟု ပြောဆိုကြပေမည်။
قُلْ كُلٌّ مُتَرَبِّصٌ فَتَرَبَّصُوا ۖ فَسَتَعْلَمُونَ مَنْ أَصْحَابُ الصِّرَاطِ السَّوِيِّ وَمَنِ اهْتَدَىٰ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊)အားလုံးပင် စောင့်မျှော်၍နေသူများပင်ဖြစ်ကြပေရာ အသင်တို့သည်လည်း စောင့်မျှော်ကြလေကုန်။ သို့(စောင့်မျှော် ကြ)ပါလျှင် မကြာမြင့်မီ မည်သူတို့သည် ဖြောင့်မှန်သောလမ်းပေါ်၌ ရှိခဲ့သူများ ဖြစ်ကြသည်ကိုလည်းကောင်း၊ မည်သူတို့သည် တရားလမ်းမှန် ရရှိခဲ့သူများဖြစ်ကြသည်ကိုလည်းကောင်း၊ အသင်တို့သည် သိရှိကြအံ့သတည်း။

Choose other languages: