Quran Apps in many lanuages:

Surah Ta-Ha Ayahs #105 Translated in Burmese

خَالِدِينَ فِيهِ ۖ وَسَاءَ لَهُمْ يَوْمَ الْقِيَامَةِ حِمْلًا
(ထိုသူတို့သည်) ယင်း(ဝန်ထုပ်ကိုထမ်းဆောင်သယ်ပိုးခြင်း၏)အဖြစ်၌ ထာဝစဉ် ခံစားလျက် ရှိကြပေမည်။စင်စစ် ထိုဝန်ထုပ်သည် ၎င်းတို့အဖို့ ကိယာမတ် ရှင်ပြန်ထရမည့်နေ့တွင် အလွန်ဆိုးရွား လှသော ဝန်ထုပ်ပင် ဖြစ်ချိမ့်မည်။
يَوْمَ يُنْفَخُ فِي الصُّورِ ۚ وَنَحْشُرُ الْمُجْرِمِينَ يَوْمَئِذٍ زُرْقًا
အကြင်နေ့တွင် တံပိုးခရာကို မှုတ်ပေမည်။ 4င်းပြင် ငါအရှင်မြတ်သည် ထိုနေ့တွင် အပြစ်ရှိသူတို့အား မျက်စိကန်းသူများအဖြစ်စုရုံးစေတော်မူမည်။
يَتَخَافَتُونَ بَيْنَهُمْ إِنْ لَبِثْتُمْ إِلَّا عَشْرًا
(ထိုနေ့တွင်) 4င်းတို့သည် မိမိတို့အချင်းချင်းအသင်တို့သည် (လောကတွင်)ဆယ်ရက်မျှသာ နေခဲ့ကြသည်ဟုတီးတိုးပြောဆိုကြပေမည်။
نَحْنُ أَعْلَمُ بِمَا يَقُولُونَ إِذْ يَقُولُ أَمْثَلُهُمْ طَرِيقَةً إِنْ لَبِثْتُمْ إِلَّا يَوْمًا
ငါအရှင်မြတ်သည် ၎င်းတို့ပြောဆိုကြသည့်(အကြောင်း)ကို ကောင်းမွန်စွာ သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။ အကြင်အခါဝယ် ၎င်းတို့အနက် အကြံဉာဏ်အားဖြင့် အတော်ဆုံးသောသူက အသင်တို့သည် တစ်ရက်မျှသာ နေခဲ့ကြသည်ဟု ပြောဆိုအံ့သတည်း။
وَيَسْأَلُونَكَ عَنِ الْجِبَالِ فَقُلْ يَنْسِفُهَا رَبِّي نَسْفًا
၎င်းပြင် ထို(မက္ကာမြို့သားမိစ္ဆာဝါဒီ)တို့သည်အသင်အား တောင်များနှင့်စပ်လျဉ်း၍ (မည်သို့မည်ပုံ ဖြစ်မည်ကို) မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်းတောင်များကို (အစိတ်စိတ်အပိုင်းပိုင်း ဖြစ်စေ၍) လွင့်ပါးစေတော်မူမည် ဖြစ်ပေသည်။

Choose other languages: