Quran Apps in many lanuages:

Surah Sad Ayahs #88 Translated in Burmese

لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّنْ تَبِعَكَ مِنْهُمْ أَجْمَعِينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်အားဖြင့်လည်းကောင်း၊ ထိုလူသားတို့အနက် အသင်၏နောက်လိုက်ကြသော သူတို့အားဖြင့်လည်းကောင်း၊ "ဂျဟန္နမ်" ငရဲဘုံကို ဖြည့်တော်မူအံ့သတည်း။
قُلْ مَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَا أَنَا مِنَ الْمُتَكَلِّفِينَ
(အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အသင်တို့ထံ ဤ (ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ မည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ထိုမှတစ်ပါး ငါသည် ဟန်ဆောင်ပြောဆိုသူ(ဤကုရ်အာန်ကျမ်းတော်မြတ်ကို) ကြံဖန် စီကုံးသူတစ်ဦးလည်း မဟုတ်ပေ။
إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
(စင်စစ်) ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကမ္ဘာသူကမ္ဘာသားခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒ တစ်ပါးသာလျှင်ဖြစ်၏။
وَلَتَعْلَمُنَّ نَبَأَهُ بَعْدَ حِينٍ
ထိုမှတစ်ပါး မုချဧကန် အသင်တို့သည် အနည်းငယ်သော အချိန်ကာလနောက်တွင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)၏ အကြောင်းသတင်း မှန်ကန်ကြောင်းကို သိရှိကြကုန်အံ့သတည်း။

Choose other languages: