Quran Apps in many lanuages:

Surah Sad Ayahs #57 Translated in Burmese

هَٰذَا مَا تُوعَدُونَ لِيَوْمِ الْحِسَابِ
ဤသည် စစ်ဆေးမေးမြန်းမည့်နေ့နှင့် စပ်လျဉ်း၍ အသင်တို့ ကတိပေးခြင်း ခံကြရလေသောအရာပင်၊ (ကျေးဇူးတော်ပင်)။
إِنَّ هَٰذَا لَرِزْقُنَا مَا لَهُ مِنْ نَفَادٍ
ဧကန်မလွဲ ဤသည် ငါအရှင်မြတ်၏ ဆုကျေးဇူးတော်ပင် ဖြစ်ပေသည်။ ယင်းဆုကျေးဇူးတော်မှာ ကုန်ခန်းခြင်းသည် အလျှင်း မရှိပြီတကား။
هَٰذَا ۚ وَإِنَّ لِلطَّاغِينَ لَشَرَّ مَآبٍ
ဤသည်(တွင် သူတော်ကောင်းတို့၏ အကြောင်း)ပြီးဆုံးခဲ့လေပြီ။ ၎င်းပြင် ဧကန်စင်စစ် ဆိုးသွမ်းသော သူယုတ်မာ (အကြီးအကဲ)တို့အဖို့ ဆိုးရွားလှစွာသော ပြန်လည်ရာ စခန်းသည် အမှန်ပင်ရှိ၏။
جَهَنَّمَ يَصْلَوْنَهَا فَبِئْسَ الْمِهَادُ
(ယင်းဆိုးရွားလှသော ပြန်လည်ရာစခန်းမှာ)"ဂျဟန္နမ်" ငရဲဘုံပင်ဖြစ်၏။ ၎င်းတို့သည် ယင်း "ဂျဟန္နမ်"ငရဲ ဘုံသို့ ဝင်ရောက်ကြရပေမည်။ စင်စစ် ယင်းအပန်းဖြေရာစခန်းမှာ လွန်စွာဆိုးရွားလှ၏။
هَٰذَا فَلْيَذُوقُوهُ حَمِيمٌ وَغَسَّاقٌ
ဤသည် ကျိုက်ကျိုက်ဆူပွက်လျက်ရှိသော ရေပူနှင့် ပြည်ပုပ်ဖြစ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ဤသည်ကို မြည်းစမ်းကြပါစေ။

Choose other languages: