Quran Apps in many lanuages:

Surah Saba Ayahs #54 Translated in Burmese

وَلَوْ تَرَىٰ إِذْ فَزِعُوا فَلَا فَوْتَ وَأُخِذُوا مِنْ مَكَانٍ قَرِيبٍ
စင်စစ် အကယ်၍ အသင်သည် (4င်းတို့အား)၎င်း တို့ ထိတ်လန့် ကြောက်ရွံ့ကြသည့်အခါတွင် တွေ့မြင်ပါလျှင် (အံ့ဩသွားပေမည်)။ ထိုအခါ ၎င်းတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ အနီးအနားမှာပင် ဖမ်းဆီးခြင်းကိုခံကြရပေမည်။
وَقَالُوا آمَنَّا بِهِ وَأَنَّىٰ لَهُمُ التَّنَاوُشُ مِنْ مَكَانٍ بَعِيدٍ
ထိုအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(မှန်ကန်သောဒီန်သာသနာ)ကို ယုံကြည်ကြပါပြီဟု ပြောဆိုကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ဤမျှဝေးလံစွာသောနေရာမှ (အီမာန် သက်ဝင်ယုံကြည်မှုကို) အဘယ်မှာလျှင်ရယူနိုင်ကြအံ့နည်း။
وَقَدْ كَفَرُوا بِهِ مِنْ قَبْلُ ۖ وَيَقْذِفُونَ بِالْغَيْبِ مِنْ مَكَانٍ بَعِيدٍ
စင်စစ်ဧကန် ၎င်းတို့သည် ရှေးဦးမဆွကပင်ယင်းမှန်ကန်သော ဒီန် သာသနာတော်ကို ငြင်းပယ်လျက်၏ရှိခဲ့ ကြသည်သာမက မသိမမြင်ဘဲလျက် ဝေးစွာသောနေရာမှရမ်းဆပြောဆို စွပ်စွဲလျက်ပင်ရှိခဲ့ကြကုန်၏။
وَحِيلَ بَيْنَهُمْ وَبَيْنَ مَا يَشْتَهُونَ كَمَا فُعِلَ بِأَشْيَاعِهِمْ مِنْ قَبْلُ ۚ إِنَّهُمْ كَانُوا فِي شَكٍّ مُرِيبٍ
၎င်းပြင် (ထိုနေ့တွင်) ရှေးယခင်က ၎င်းတို့ကဲ့သို့သောသူတို့အား ပြုလုပ်ခဲ့သည့်နည်းတူ ၎င်းတို့နှင့် ၎င်းတု့ိအာသာဆန္ဒရှိကြသောအရာများ၏အကြား၌ အကာအဆီးတစ်ခု ပြုလုပ်ခြင်းခံရပေမည်။ ဧကန်အမှန် ၎င်းတို့သည် ယုံမှားသံသယဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိခဲ့ကြပေသတည်း။

Choose other languages: