Quran Apps in many lanuages:

Surah Saba Ayahs #51 Translated in Burmese

قُلْ مَا سَأَلْتُكُمْ مِنْ أَجْرٍ فَهُوَ لَكُمْ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ထံ(အဖိုးအခ) တစ်စုံတစ်ရာတောင်းခဲ့သည်ရှိလျှင် ယင်းအဖိုးအခမှာ အသင်တို့အဖို့သာလျှင် ဖြစ်၏။ အဘယ်ကြောင့်ဟူမူ ငါ့(အား)အကျိုးကျေးဇူး(ပေးသနားတော်မူရန်တာဝန်) မှာကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာ ရှိသောကြောင့်ပင်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ အသိသက်သေပင် ဖြစ်တော်မူ၏။
قُلْ إِنَّ رَبِّي يَقْذِفُ بِالْحَقِّ عَلَّامُ الْغُيُوبِ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် (အမှားကို)အမှန် တရားဖြင့် နှိမ်နင်းတော်မူ၏။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
قُلْ جَاءَ الْحَقُّ وَمَا يُبْدِئُ الْبَاطِلُ وَمَا يُعِيدُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အမှန်တရားသည် ရောက်ရှိ၍ လာခဲ့ချေပြီ။ စင်စစ်သော်ကား အမှားသည် (တစ်စုံတစ်ရာကို)ဖြစ်ပေါ်စေသည်လည်းမဟုတ်ပေ။ (တစ်စုံတစ်ရာ)ကို ပြန်၍ယူလာသည်လည်း မဟုတ်ပေ။ (ယိုယွင်းပျက်စီးချေပြီ)။
قُلْ إِنْ ضَلَلْتُ فَإِنَّمَا أَضِلُّ عَلَىٰ نَفْسِي ۖ وَإِنِ اهْتَدَيْتُ فَبِمَا يُوحِي إِلَيَّ رَبِّي ۚ إِنَّهُ سَمِيعٌ قَرِيبٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် လမ်းမှားခဲ့မူ၊ ငါသည်မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားဒဏ်ကို ငါသာခံရမည်၊) သို့ရာတွင် အကယ်၍ ငါသည်တရားလမ်းမှန် ရရှိခဲ့သည်ဖြစ်မူ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ငါ့ထံသို့ ဝဟီ အမိန့်တော်ထုတ်ပြန်တော်မူသောကြောင့်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အလွန်တရာကြားသိတော်မူသော၊ အလွန်တရာ နီးကပ်စွာရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَوْ تَرَىٰ إِذْ فَزِعُوا فَلَا فَوْتَ وَأُخِذُوا مِنْ مَكَانٍ قَرِيبٍ
စင်စစ် အကယ်၍ အသင်သည် (4င်းတို့အား)၎င်း တို့ ထိတ်လန့် ကြောက်ရွံ့ကြသည့်အခါတွင် တွေ့မြင်ပါလျှင် (အံ့ဩသွားပေမည်)။ ထိုအခါ ၎င်းတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ အနီးအနားမှာပင် ဖမ်းဆီးခြင်းကိုခံကြရပေမည်။

Choose other languages: