Quran Apps in many lanuages:

Surah Nooh Ayahs #28 Translated in Burmese

مِمَّا خَطِيئَاتِهِمْ أُغْرِقُوا فَأُدْخِلُوا نَارًا فَلَمْ يَجِدُوا لَهُمْ مِنْ دُونِ اللَّهِ أَنْصَارًا
၎င်းတို့သည် မိမိတို့၏ပြစ်မှုတို့ကြောင့်ပင် နစ်မြှုပ်စေခြင်းကို ခံခဲ့ကြရလေ၏။ တစ်ဖန် ၎င်းတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်းကို ခံခဲ့ကြရကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကူညီစောင်မအံ့သောသူများဟူ၍ တစ်ဦးတစ်ယောက်မျှပင် တွေ့ရှိခဲ့ကြသည်မဟုတ်ပေ။
وَقَالَ نُوحٌ رَبِّ لَا تَذَرْ عَلَى الْأَرْضِ مِنَ الْكَافِرِينَ دَيَّارًا
၎င်းပြင်(နဗီတမန်တော်)နူဟ်က(ဤသို့)လျှောက်ထားပန်ကြားခဲ့ပြန်၏။ အို-ကျွန်တော်များအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ပထဝီမြေဝယ် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အနက် မည်သည့်နေထိုင်သူ တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားတော်မမူပါနှင့်။
إِنَّكَ إِنْ تَذَرْهُمْ يُضِلُّوا عِبَادَكَ وَلَا يَلِدُوا إِلَّا فَاجِرًا كَفَّارًا
မလွဲဧကန် အကယ်၍ အရှင်မြတ်သည် ၎င်းတို့အား ချန်ထားတော်မူပါလျှင် ၎င်းတို့သည် အရှင်မြတ်၏ကျွန်များအား လမ်းလွဲစေကြမည်သာမက ၎င်းတို့သည် လွန်စွာကျေးဇူးကန်း သွေဖည်ငြင်းပယ်အံ့သော၊ အကျင့်စာရိတ္တဖောက်ပြန်အံ့သော၊ သူတို့ကိုသာလျှင် မွေးဖွားကြမည်ဖြစ်ပါသည်။
رَبِّ اغْفِرْ لِي وَلِوَالِدَيَّ وَلِمَنْ دَخَلَ بَيْتِيَ مُؤْمِنًا وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَلَا تَزِدِ الظَّالِمِينَ إِلَّا تَبَارًا
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အားလည်းကောင်း၊ကျွန်တော်မျိုး၏အိမ်၌ မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်နှင့် ဝင်ရောက်သောသူတို့အားလည်းကောင်း၊ "မုအ်မင်န်" ယောက်ျားအပေါင်းတို့အားလည်းကောင်း၊ "မုအ်မင်န်" မိန်းမအပေါင်းတို့အားလည်းကောင်း၊ (အပြစ်တို့မှ) ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် မတရားသောသူတို့၌မူကား ပျက်စီးမှုကိုသာလျှင် တိုးပွားစေတော်မူပါ။

Choose other languages: