Quran Apps in many lanuages:

Surah Nooh Ayahs #21 Translated in Burmese

وَاللَّهُ أَنْبَتَكُمْ مِنَ الْأَرْضِ نَبَاتًا
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အထူးနည်းမျိုးနှင့် မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။
ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا
ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပထဝီမြေထဲသို့ပင် ပြန်ရောက်စေတော် မူပေမည်။ ထို့နောက်တစ်ဖန် အသင်တို့အား (ယင်း မြေထဲမှ) အပြင်သို့ ထွက်စေတော်မူပေမည်။
وَاللَّهُ جَعَلَ لَكُمُ الْأَرْضَ بِسَاطًا
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေကို အခင်းအကျင်း ပြုလုပ်တော်မူခဲ့၏။
لِتَسْلُكُوا مِنْهَا سُبُلًا فِجَاجًا
သို့မှသာလျှင် အသင်တို့သည် ယင်းပထဝီမြေ၏ လမ်းကျယ်များဝယ် သွားလာနိုင်ကြကုန်အံ့သတည်း။
قَالَ نُوحٌ رَبِّ إِنَّهُمْ عَصَوْنِي وَاتَّبَعُوا مَنْ لَمْ يَزِدْهُ مَالُهُ وَوَلَدُهُ إِلَّا خَسَارًا
(နဗီတမန်တော်) "နူဟ်"သည် လျှောက်ထားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ထိုကျွန်တော်မျိုး၏ အမျိုးသားတို့သည် ကျွန်တော်မျိုးအား ဖီဆန်၍ အကြင်သူတို့၏နောက်သို့ လိုက်သွားခဲ့ကြပါသည်။ ထိုသူတို့၌ ထိုသူတို့၏ ပစ္စည်းဥစ္စာသည်လည်းကောင်း၊ ထိုသူတို့၏ သားသမီးများသည်လည်းကောင်း၊ ဆုံးရှုံးမှုကိုသာလျှင် တိုးပွားစေခဲ့ကြပါသည်။

Choose other languages: