Quran Apps in many lanuages:

Surah Nooh Ayahs #17 Translated in Burmese

مَا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًا
အသင်တို့၌ မည်သည့် အကြောင်းရှိ၍ ၎င်းရှင်မြတ်၏ ထူးကဲမြင့်မြတ်မှုကို မယုံကြည် ကြသနည်း။
وَقَدْ خَلَقَكُمْ أَطْوَارًا
စင်စစ်ဧကန် ထိုအရှင်မြတ်သည် အသင်တို့အား (ရုပ်ဆင်းသဏ္ဌာန်) အမျိုးမျိုးနှင့်၊ နည်းအမျိုးမျိုး(ပြောင်း၍ အဆင့်ဆင့်)ဖန်ဆင်းတော်မူခဲ့၏။
أَلَمْ تَرَوْا كَيْفَ خَلَقَ اللَّهُ سَبْعَ سَمَاوَاتٍ طِبَاقًا
၎င်းအရှင်မြတ်သည် မိုးခုနစ်ခုကို မည်သို့မည်ပုံ အထပ်ထပ် ဖန်ဆင်းတော်မူခဲ့သည်ကို အသင်တို့သည် လေ့လာဆင်ခြင် တွေ့မြင်ခဲ့ကြသည် မဟုတ်လော။
وَجَعَلَ الْقَمَرَ فِيهِنَّ نُورًا وَجَعَلَ الشَّمْسَ سِرَاجًا
၎င်းပြင် ထိုအရှင်မြတ်သည် ယင်းမိုးများ၌ "လ"ကို လင်းရောင်ခြည် ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် "နေ"ကိုမီးရှူးမီးတိုင် ပြုလုပ်တော်မူခဲ့၏။
وَاللَّهُ أَنْبَتَكُمْ مِنَ الْأَرْضِ نَبَاتًا
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အထူးနည်းမျိုးနှင့် မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။

Choose other languages: