Quran Apps in many lanuages:

Surah Nooh Ayahs #13 Translated in Burmese

ثُمَّ إِنِّي أَعْلَنْتُ لَهُمْ وَأَسْرَرْتُ لَهُمْ إِسْرَارًا
ထို့နောက် အမှန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အား ပွင့်လင်းထင်ရှားစွာ ကြေညာ၍လည်း ဖိတ်ခေါ်ခဲ့ပါ၏။ ထိုမှတစ်ပါး ကျွန်တော်မျိုးသည် ၎င်းတို့အား လျှို့ဝှက်စွာဖိတ်ခေါ်မှုလည်း ပြုခဲ့ပါ၏။
فَقُلْتُ اسْتَغْفِرُوا رَبَّكُمْ إِنَّهُ كَانَ غَفَّارًا
ထိုကဲ့သို့ ဖိတ်ခေါ်ရာတွင် (၎င်းတို့အား ဤသို့)ပြောကြားခဲ့ပါ၏။ (အချင်းတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား အသနားခံကြလေကုန်။မလွဲဧကန် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော် မူ၏။
يُرْسِلِ السَّمَاءَ عَلَيْكُمْ مِدْرَارًا
ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် မြောက်မြားစွာ ရွာသွန်းသောမိုးကို စေလွှတ်တော်မူပေမည်။
وَيُمْدِدْكُمْ بِأَمْوَالٍ وَبَنِينَ وَيَجْعَلْ لَكُمْ جَنَّاتٍ وَيَجْعَلْ لَكُمْ أَنْهَارًا
၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ (ချီးမြှင့်တော်မူခြင်းအား)ဖြင့်လည်းကောင်း၊ သား(သမီး)များ (ချီးမြှင့်တော်မူခြင်းအား) ဖြင့်လည်းကောင်း၊ စောင်မ ကူညီတော်မူပေမည်။ ထို့ပြင် အသင်တို့အဖို့ ဥယျာဉ်များကို ဖန်ဆင်း၍ ပေးသနားတော်မူသည့်ပြင် အသင်တို့အဖို့ ချောင်းများကိုလည်း စီးတွေစေတော်မူပေမည်။
مَا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًا
အသင်တို့၌ မည်သည့် အကြောင်းရှိ၍ ၎င်းရှင်မြတ်၏ ထူးကဲမြင့်မြတ်မှုကို မယုံကြည် ကြသနည်း။

Choose other languages: