Quran Apps in many lanuages:

Surah Muhammad Ayahs #38 Translated in Burmese

فَلَا تَهِنُوا وَتَدْعُوا إِلَى السَّلْمِ وَأَنْتُمُ الْأَعْلَوْنَ وَاللَّهُ مَعَكُمْ وَلَنْ يَتِرَكُمْ أَعْمَالَكُمْ
သို့ဖြစ်ပေရာ (အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊)အသင်တို့သည် အားလျှော့ခြင်း မပြုကြကုန်လင့်။(၎င်းတို့အား) စစ်ပြေငြိမ်းရေးသို့ ဖိတ်ခေါ်ခြင်းလည်း မပြုကြကုန်လင့်၊ အမှန်သော်ကား အသင်တို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်များ(၏အကျိုး)ကို အလျှင်း လျော့နည်းစေတော်မူမည် မဟုတ်ပေတကား။
إِنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ ۚ وَإِنْ تُؤْمِنُوا وَتَتَّقُوا يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْأَلْكُمْ أَمْوَالَكُمْ
(ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော် ၎င်းပြင်(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်ကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို တောင်းဆိုမည်လည်း မဟုတ်ပေ။
إِنْ يَسْأَلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا وَيُخْرِجْ أَضْغَانَكُمْ
အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့ထံမှ ယင်းပစ္စည်းဥစ္စာများကို တောင်းဆိုတော်မူသည်ရှိသော်၊တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့ထံ အပူတပြင်း တောင်းဆိုတော်မူသည်ရှိသော်၊ အသင်တို့သည် စေးနှဲကြပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည်လည်း အသင်တို့၏ စက်ဆုပ်မှုများကို ထုတ်ဖော်တော်မူပေမည်။
هَا أَنْتُمْ هَٰؤُلَاءِ تُدْعَوْنَ لِتُنْفِقُوا فِي سَبِيلِ اللَّهِ فَمِنْكُمْ مَنْ يَبْخَلُ ۖ وَمَنْ يَبْخَلْ فَإِنَّمَا يَبْخَلُ عَنْ نَفْسِهِ ۚ وَاللَّهُ الْغَنِيُّ وَأَنْتُمُ الْفُقَرَاءُ ۚ وَإِنْ تَتَوَلَّوْا يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوا أَمْثَالَكُمْ
ဟယ်-(အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သုံးစွဲရန် ဖိတ်ခေါ်ခြင်းကို ခံကြရသောသူများပင်။ သို့ရာတွင် အသင်တို့အနက် အချို့မှာ စေးနှဲသောသူများဖြစ်ကြကုန်၏။ အမှန်သော်ကား မည်သူမဆို စေးနှဲပါမူ ထိုသူသည် မိမိကိုယ်နှင့်ပတ်သက်၍ စေးနှဲသည်သာတည်း။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ရာတွင် အသင်တို့သည် လိုလားတောင့်တသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် (အသင်တို့အား) အသင်တို့၏နေရာတွင် အခြားသောအမျိုးသားတို့ဖြင့် လဲလှယ်တော်မူပေမည်။ ထိုအမျိုးသားတို့မှာကား အသင်တို့နှင့် တူကြမည် မဟုတ်ပေ။

Choose other languages: