Quran Apps in many lanuages:

Surah Maryam Ayahs #98 Translated in Burmese

إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَيَجْعَلُ لَهُمُ الرَّحْمَٰنُ وُدًّا
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်၏။ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မကြာမြင့်မီပင် ၎င်းတို့အဖို့ ချစ်ကြည်မြတ်နိုးမှုကို ပြုလုပ်၍ ပေးတော်မူပေမည်။
فَإِنَّمَا يَسَّرْنَاهُ بِلِسَانِكَ لِتُبَشِّرَ بِهِ الْمُتَّقِينَ وَتُنْذِرَ بِهِ قَوْمًا لُدًّا
စင်စစ် ငါအရှင်မြတ်သည်ပင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အသင်၏ဘာသာစကားဖြင့် လွယ်ကူအောင် ပြုလုပ်တော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်သည်ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် မွတ္တကီသူတော်စင်တို့အားသတင်းကောင်းပြောကြားခြင်းကိုလည်းကောင်း၊ စကားအငြင်းပွားအားကြီးသောအမျိုးသားတို့အား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုနိုင်မည် ဖြစ်ပေသတည်း။
وَكَمْ أَهْلَكْنَا قَبْلَهُمْ مِنْ قَرْنٍ هَلْ تُحِسُّ مِنْهُمْ مِنْ أَحَدٍ أَوْ تَسْمَعُ لَهُمْ رِكْزًا
စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် များစွာသောအုပ်စုများကိုပင် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ပေသည်။အသင်သည် ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုပင် မြင်ပါသေးသလော။ သို့တည်းမဟုတ် အသင်သည် ၎င်းတို့၏သဲ့သဲ့အသံကိုပင် ကြားပါသေးသလော။

Choose other languages: