Quran Apps in many lanuages:

Surah Maryam Ayahs #70 Translated in Burmese

وَيَقُولُ الْإِنْسَانُ أَإِذَا مَا مِتُّ لَسَوْفَ أُخْرَجُ حَيًّا
စင်စစ် လူသားသည် ကျွန်ုပ်သေဆုံးပြီး နောက်(ပြန်လည်၍) အသက်ရှင်လျက် (သင်္ချိုင်းတွင်းမှ) ထွက် စေခြင်းကိုခံရဦးမည်လောဟုမေး၏။
أَوَلَا يَذْكُرُ الْإِنْسَانُ أَنَّا خَلَقْنَاهُ مِنْ قَبْلُ وَلَمْ يَكُ شَيْئًا
(ယင်း)လူသားသည် ယခင်က ၎င်းဘာမျှမရှိခဲ့စဉ်အခါ၌ ငါအရှင်မြတ်သည်ပင် ၎င်းအား ဖန်ဆင်းတော်မူခဲ့သည်ကို သတိမရလေသလော။
فَوَرَبِّكَ لَنَحْشُرَنَّهُمْ وَالشَّيَاطِينَ ثُمَّ لَنُحْضِرَنَّهُمْ حَوْلَ جَهَنَّمَ جِثِيًّا
သို့ဖြစ်ပေရာ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကစမ် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူတို့အားလည်းကောင်း၊ ရှိုင်တွာန်မိစ္ဆာကောင်တို့အားလည်းကောင်း၊ စုရုံးတော်မူပြီးလျှင်မုချအမှန် ငါအရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပတ်ဝန်းကျင်၌ ပုဆစ်ဒူးတုပ်လျက် အသင့်ရောက်ရှိစေ တော်မူပေမည်။
ثُمَّ لَنَنْزِعَنَّ مِنْ كُلِّ شِيعَةٍ أَيُّهُمْ أَشَدُّ عَلَى الرَّحْمَٰنِ عِتِيًّا
ထို့နောက် အမှန်ပင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးမှ ရဟ်မာန် အနန္တကရုဏာတော်ရှင်အား အပြင်းထန်ဆုံး ပုန်ကန်သူတို့ကို (ရွေးချယ်) ထုတ်ယူတော်မူပေမည်။
ثُمَّ لَنَحْنُ أَعْلَمُ بِالَّذِينَ هُمْ أَوْلَىٰ بِهَا صِلِيًّا
တစ်ဖန် ဧကန်မလွဲ ယင်းဂျဟန္နမ် ငရဲဘုံ၌ မီးလောင်စေရန်၊ ပစ်ချရန်၊ အထိုက်တန်ဆုံးသောသူတို့အား ငါအရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူပေသည်။

Choose other languages: