Quran Apps in many lanuages:

Surah Maryam Ayahs #52 Translated in Burmese

وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِنْ دُونِ اللَّهِ وَأَدْعُو رَبِّي عَسَىٰ أَلَّا أَكُونَ بِدُعَاءِ رَبِّي شَقِيًّا
ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။
فَلَمَّا اعْتَزَلَهُمْ وَمَا يَعْبُدُونَ مِنْ دُونِ اللَّهِ وَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۖ وَكُلًّا جَعَلْنَا نَبِيًّا
တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။
وَوَهَبْنَا لَهُمْ مِنْ رَحْمَتِنَا وَجَعَلْنَا لَهُمْ لِسَانَ صِدْقٍ عَلِيًّا
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သောဂုဏ်သတင်းကိုလည်း မြင့်မြတ်(ကျော်ကြားထင်ရှား)စေတော်မူခဲ့ပေသတည်း။
وَاذْكُرْ فِي الْكِتَابِ مُوسَىٰ ۚ إِنَّهُ كَانَ مُخْلَصًا وَكَانَ رَسُولًا نَبِيًّا
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် (ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)မူစာ၏အကြောင်း အတ္ထုပ္ပတ္တိကိုဖတ်ကြားပါလေ။ ဧကန်မုချ ယင်းမူစာသည် အထူးရွေးချယ်တော်မူခြင်းခံရသူဖြစ်သည့်ပြင် ရစူလ်တမန်တော်လည်း ဖြစ်ခဲ့၏။ နဗီတမန်တော်လည်းဖြစ်ခဲ့၏။
وَنَادَيْنَاهُ مِنْ جَانِبِ الطُّورِ الْأَيْمَنِ وَقَرَّبْنَاهُ نَجِيًّا
ထို့ပြင် ငါအရှင်မြတ်သည် ယင်းမူစာအား (၎င်း၏) လက်ယာဘက်၌ရှိသော သူ(ရ်)မည်သော တောင်၏ဘက်မှဟစ်ခေါ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးလည်း ငါအရှင်မြတ်သည် ယင်းမူစာအား လျှို့ဝှက်စကားပြောကြားသူအဖြစ်မြှောက်စားတော် မူခဲ့လေသည်။

Choose other languages: