Quran Apps in many lanuages:

Surah Maryam Ayahs #45 Translated in Burmese

وَاذْكُرْ فِي الْكِتَابِ إِبْرَاهِيمَ ۚ إِنَّهُ كَانَ صِدِّيقًا نَبِيًّا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(မိမိအမျိုးတို့ရှေ့ဝယ်ဤ) ကျမ်းဂန်မှ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ဖတ်ကြားပါလေ။ ဧကန်မလွဲ ထိုအစ်ဗ်ရာဟီမ်သည် သစ္စာဝါဒီ ဖြစ်ခဲ့ပေသည်။ နဗီတမန်တော်လည်း ဖြစ်ခဲ့ပေသည်။
إِذْ قَالَ لِأَبِيهِ يَا أَبَتِ لِمَ تَعْبُدُ مَا لَا يَسْمَعُ وَلَا يُبْصِرُ وَلَا يُغْنِي عَنْكَ شَيْئًا
တစ်ရံရောအခါ ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)သည် မိမိဖခင်(အာဇရ်)အား (ဤသို့)ပြောကြားခဲ့လေသည်။ အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)သည် အဘယ်ကြောင့်အကြင်အရာကို ခဝပ်ကိုးကွယ်နေပါသနည်း။ ထိုအရာသည်(တစ်စုံတစ်ရာကိုမျှပင်)ကြားသည်လည်းမဟုတ်၊မြင်သည်လည်းမဟုတ်ချေ။ ထိုမှတစ်ပါး ယင်းအရာသည် အသင်(ဖခင်)အဖို့စိုးစဉ်းမျှပင် အသုံးဝင်နိုင်မည်လည်းမဟုတ်ပေတကား။
يَا أَبَتِ إِنِّي قَدْ جَاءَنِي مِنَ الْعِلْمِ مَا لَمْ يَأْتِكَ فَاتَّبِعْنِي أَهْدِكَ صِرَاطًا سَوِيًّا
အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)၏ထံသို့ မရောက်ခဲ့သော အသိပညာ(ဝဟီအမိန့်တော်)ကား ဧကန်မလွဲကျွန်ုပ်ထံရောက်လာခဲ့ပြီဖြစ်ပါ၍ အသင်(ဖခင်)သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ပါ။ ကျွန်ုပ်သည် အသင်(ဖခင်)အား ဖြောင့်မတ်သောတရားလမ်း မှန်ကို ပြသပါမည်။
يَا أَبَتِ لَا تَعْبُدِ الشَّيْطَانَ ۖ إِنَّ الشَّيْطَانَ كَانَ لِلرَّحْمَٰنِ عَصِيًّا
အို-ကျွန်ုပ်၏ဖခင်၊အသင်(ဖခင်)သည် ရှိုင်တွာန်မိစ္ဆာကောင်ကို ခဝပ်ကိုးကွယ်ခြင်းမပြုပါနှင့်။ ဧကန်မလွဲ ရှိုင်တွာန်မိစ္ဆာကောင်မှာ ရဟ်မာန်အနန္တ ကရုဏာရှင်(၏အမိန့်တော်)ကို ဖီဆန်သူဖြစ်ခဲ့ပါသည်။
يَا أَبَتِ إِنِّي أَخَافُ أَنْ يَمَسَّكَ عَذَابٌ مِنَ الرَّحْمَٰنِ فَتَكُونَ لِلشَّيْطَانِ وَلِيًّا
အို-ကျွန်ုပ်၏ဖခင်၊ ဧကန်ဆတ်ဆတ် ကျွန်ုပ်မူကား အသင်(ဖခင်)၌ ရဟ်မာန်အနန္တကရုဏာ တော်ရှင်၏အထံတော်မှ ပြစ်ဒဏ်သက်ရောက်မည်ကို စိုးရိမ်မိပါသည်။ထိုသို့ဖြစ်ခဲ့ပါလျှင် အသင်(ဖခင်) သည် ရှိုင်တွာန်မိစ္ဆာကောင်၏အဆွေခင်ပွန်း ဖြစ်သွားပါလိမ့်မည်။

Choose other languages: