Quran Apps in many lanuages:

Surah Maryam Ayahs #40 Translated in Burmese

وَإِنَّ اللَّهَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۚ هَٰذَا صِرَاطٌ مُسْتَقِيمٌ
၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကျွန်ုပ်အားလည်း ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အသင်တို့အားလည်း ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်၊ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ဤသည်သာလျှင် ဖြောင့်မတ်သော တရားလမ်းပင်ဖြစ်ပေသတည်း။
فَاخْتَلَفَ الْأَحْزَابُ مِنْ بَيْنِهِمْ ۖ فَوَيْلٌ لِلَّذِينَ كَفَرُوا مِنْ مَشْهَدِ يَوْمٍ عَظِيمٍ
ထို့နောက် ၎င်း(ခရစ်ယာန်)တို့အနက် အုပ်စုအသီးသီးတို့သည် အထင်အမြင် အယူအဆ ကွဲပြားခဲ့ ကြလေသည်။ သို့ဖြစ်ပေရာ ကြီးကျယ်လှစွာသော (ကိယာမတ်)နေ့ရောက်ရှိလာသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သူတို့၌(အကြီးအကျယ်) ပျက်စီးမှုသည် ရှိအံ့သတည်း။
أَسْمِعْ بِهِمْ وَأَبْصِرْ يَوْمَ يَأْتُونَنَا ۖ لَٰكِنِ الظَّالِمُونَ الْيَوْمَ فِي ضَلَالٍ مُبِينٍ
၎င်းတို့သည် ငါအရှင်မြတ်ထံတော်သို့ လာကြသောနေ့တွင် အဘယ်မျှလောက် ကြားသူများ၊ အဘယ်မျှလောက် မြင်သူများ ဖြစ်သွားကြအံ့နည်း။ သို့ရာတွင် ယနေ့သော်ကား မတရားကျူးလွန်သူတို့သည် အလွန်ထင်ရှားစွာသောလမ်းမှားမှု၌ပင် ရှိနေကြကုန်၏။
وَأَنْذِرْهُمْ يَوْمَ الْحَسْرَةِ إِذْ قُضِيَ الْأَمْرُ وَهُمْ فِي غَفْلَةٍ وَهُمْ لَا يُؤْمِنُونَ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရ မည့်နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ ထို့အပြင် 4င်းတို့သည် မယုံကြည်ကြချေ။
إِنَّا نَحْنُ نَرِثُ الْأَرْضَ وَمَنْ عَلَيْهَا وَإِلَيْنَا يُرْجَعُونَ
ဧကန်မလွဲ ငါအရှင်မြတ်သာလျှင် ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းကမ္ဘာမြေဝယ် ရှိသမျှတို့ကိုလည်းကောင်း၊အမွေခံ(ဝါ) နောက်ဆုံးပိုင်ဆိုင်တော်မူသော အရှင်မြတ်အဖြစ်ကျန်ရစ်တော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြရမည်သာတည်း။

Choose other languages: