Quran Apps in many lanuages:

Surah Luqman Ayahs #21 Translated in Burmese

يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنْكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
အို-ချစ်သား၊ အသင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် အသင်သည် (သူတပါးတို့အားလည်း) ကောင်းမှု(ပြုလုပ်ကြရန်)နှင့်စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ(ကြဉ်ရှောင်ကြရန်)တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ(ကြံ့ခိုင်စွာရှိခြင်း)သည် ဇွဲသတိ္တနှင့်သက်ဆိုင်သောအမှုကိစ္စတို့အနက်မှပင် ဖြစ်ချေသည်။
وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။
وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِنْ صَوْتِكَ ۚ إِنَّ أَنْكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ
ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣန္ဒြေစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တဝါတို့၏အသံပင်ဖြစ်ချေသတည်း။
أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَنْ يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُنِيرٍ
အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။
وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)

Choose other languages: