Quran Apps in many lanuages:

Surah Hud Ayahs #8 Translated in Burmese

إِلَى اللَّهِ مَرْجِعُكُمْ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အသင်တို့၏ ပြန်လည်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို ပြုနိုင် စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
أَلَا إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
သတိပြုကြလေကုန်၊ ဧကန်မလွဲ ၎င်းတို့သည်(မိမိတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ် ၌လျှို့ဝှက်ဖုံးအုပ်နိုင်ကြရန် မိမိတို့၏ ရင်ဘတ်စိတ်ကို ခေါက်ကြလေသည်။ သတိပြုကြလေကုန်။ ထိုသူတို့သည် မိမိတို့၏အဝတ်အထည်များကို လွှမ်းခြုံကြသောအခါ(၌လည်း)ထိုအရှင်မြတ်သည် ထိုသူတို့ ဖုံးကွယ်ထားကြသည်များ ကိုလည်းကောင်း၊ ယင်းသူတို့ ထင်ရှားစေကြသည်များကိုလည်းကောင်း၊သိရှိတော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمَا مِنْ دَابَّةٍ فِي الْأَرْضِ إِلَّا عَلَى اللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّ فِي كِتَابٍ مُبِينٍ
အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ တာရှည်နေထိုင်ရာဌာနများကိုလည်းကောင်း၊ ခေတ္တနေထိုင်ရာဌာနများကိုလည်းကောင်း၊ သိရှိတော်မူပေသည်။ အလုံးစုံတို့ကား ထင်ရှားလှစွာသော(မှတ်တမ်း)တွင်(လည်းရေးသားပြီး) ရှိနေ၏ပေသတည်း။
وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُ عَلَى الْمَاءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۗ وَلَئِنْ قُلْتَ إِنَّكُمْ مَبْعُوثُونَ مِنْ بَعْدِ الْمَوْتِ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။
وَلَئِنْ أَخَّرْنَا عَنْهُمُ الْعَذَابَ إِلَىٰ أُمَّةٍ مَعْدُودَةٍ لَيَقُولُنَّ مَا يَحْبِسُهُ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့အပေါ်မှ ရေတွက်(သတ်မှတ်) ထားပြီးဖြစ်သောအချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ချုပ်၍ထားဘိသနည်းဟူ၍ မုချပြောဆိုကြလေသည်။ သတိပြုကြလေကုန်၊ထိုပြစ်ဒဏ် သည် ၎င်းတို့ထံ ရောက်ရှိလာမည့်နေ့တွင် ၎င်းတို့အပေါ်မှ လွှဲဖယ်သွားမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ ပြက်ချော်ပြောင်လှောင်လျက် ရှိကြကုန်သော ပြစ်ဒဏ်သည် ၎င်းတို့အားဝိုင်းဝန်း၍ ထားရှိပေမည်။

Choose other languages: