Quran Apps in many lanuages:

Surah Hud Ayahs #123 Translated in Burmese

وَقُلْ لِلَّذِينَ لَا يُؤْمِنُونَ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنَّا عَامِلُونَ
ထို့ပြင်(အို-နဗီတမန်တော်)အသင်သည် အီမာန်ယုံကြည်သူတို့အား (ဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့သည် (မိမိတို့နေရာတွင် မိမိတို့)တတ်စွမ်းနိုင်သမျှကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါတို့သည်လည်း (မိမိတို့အနေနှင့်) ဆန့်ကျင်လျက်ပင် ရှိကြကုန်သည်။
وَانْتَظِرُوا إِنَّا مُنْتَظِرُونَ
၎င်းပြင် အသင်တို့ မျှော်ကြလေကုန်၊ ဧကန်အမှန် ငါတို့သည်လည်း စောင့်မျှော်သူများပင် ဖြစ်ကြပေသည်။
وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ وَإِلَيْهِ يُرْجَعُ الْأَمْرُ كُلُّهُ فَاعْبُدْهُ وَتَوَكَّلْ عَلَيْهِ ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا تَعْمَلُونَ
စင်စစ်သော်ကား မိုးကောင်းကင်များ၌ လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မမြင်နိုင် သောအရာများ(ကိုစိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌သာလျှင် ရှိပေသည်။ ထိုမှတစ်ပါး အရေးကိစ္စအလုံးစုံတို့သည်ထိုအရှင်မြတ် အထံသို့သာလျှင် ပြန်လည်ရောက်ခြင်းကိုခံကြရပေမည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်ကိုသာလျှင် ဆည်းကပ်ကိုးကွယ်ပါလေ။၎င်းပြင် အသင်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ စင်စစ်သော်ကား အသင်၏အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်များကို မေ့လျော့တော်မူမည့် အရှင်မြတ်မဟုတ်ချေ။

Choose other languages: