Quran Apps in many lanuages:

Surah Hud Ayahs #4 Translated in Burmese

الر ۚ كِتَابٌ أُحْكِمَتْ آيَاتُهُ ثُمَّ فُصِّلَتْ مِنْ لَدُنْ حَكِيمٍ خَبِيرٍ
အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်းဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။
أَلَّا تَعْبُدُوا إِلَّا اللَّهَ ۚ إِنَّنِي لَكُمْ مِنْهُ نَذِيرٌ وَبَشِيرٌ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါးတစ်စုံတစ်ရာကိုမျှ မကိုးကွယ်၊ မဆည်းကပ် ကြကုန်လင့်။ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထို အရှင်မြတ်အထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းယူလာသူ ဖြစ်ပေသတည်း။
وَأَنِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُمَتِّعْكُمْ مَتَاعًا حَسَنًا إِلَىٰ أَجَلٍ مُسَمًّى وَيُؤْتِ كُلَّ ذِي فَضْلٍ فَضْلَهُ ۖ وَإِنْ تَوَلَّوْا فَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ كَبِيرٍ
ထို့ပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်လျက်ရှိကြလေကုန်။ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြီးဖြစ်သောအချိန်ကာလ တိုင်အောင် ကောင်းမွန်လှစွာသော စည်းစိမ်များကို ခံစားစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အကျင့်အမူအားဖြင့် ပိုမိုသောသူတိုင်းကို ၎င်း၏ပိုမို(၍ရထိုက်)သောအကျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။ သို့ရာတွင်အကယ်၍၊ အသင်တို့သည် မျက်နှာလွှဲဖယ်လျက် ပင်ရှိကြပါလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်သော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်လေသတည်း။
إِلَى اللَّهِ مَرْجِعُكُمْ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အသင်တို့၏ ပြန်လည်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို ပြုနိုင် စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

Choose other languages: