Quran Apps in many lanuages:

Surah Ghafir Ayahs #4 Translated in Burmese

حم
ဟာ၊ မီမ်။
تَنْزِيلُ الْكِتَابِ مِنَ اللَّهِ الْعَزِيزِ الْعَلِيمِ
ဤသည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အလွန်တရာ အသိပညာနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးသနားတော်မူသော ကျမ်းဂန်ပင် ဖြစ်ပေသည်။
غَافِرِ الذَّنْبِ وَقَابِلِ التَّوْبِ شَدِيدِ الْعِقَابِ ذِي الطَّوْلِ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ إِلَيْهِ الْمَصِيرُ
(ထိုအရှင်မြတ်သည်) ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချ တောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံတော်မူသော(ရက်ရောစွာ ပေးကမ်းစွန့်ကြဲတော်မူသော)အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ နောက်ဆုံး ပြန်လည်ရာစခန်းသည် ထိုအရှင်မြတ်အထံတော်၌ပင် ဖြစ်ပေသတည်း။
مَا يُجَادِلُ فِي آيَاتِ اللَّهِ إِلَّا الَّذِينَ كَفَرُوا فَلَا يَغْرُرْكَ تَقَلُّبُهُمْ فِي الْبِلَادِ
အလ္လာဟ်အရှင်မြတ်၏ အာယတ် အမိန့်တော်များနှင့်စပ်လျဉ်း၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့သည်သာလျှင် အငြင်းအခုံ ပြုလေ့ရှိကြကုန်၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)တိုင်းပြည်နိုင်ငံများတွင် ၎င်းတို့၏ လှည့်ပတ်သွားလာလှုပ်ရှားမှုသည် အသင့်အား ဖြားယောင်းခြင်း မရှိစေရ။

Choose other languages: