Quran Apps in many lanuages:

Surah Fatir Ayahs #35 Translated in Burmese

وَالَّذِي أَوْحَيْنَا إِلَيْكَ مِنَ الْكِتَابِ هُوَ الْحَقُّ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ ۗ إِنَّ اللَّهَ بِعِبَادِهِ لَخَبِيرٌ بَصِيرٌ
စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု ထောက်ခံလျက်ရှိ၏။ မုချအမှန်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့နှင့် ပတ်သက်၍အလွန်တရာ ကြားသိတော်မူသော၊ အလွန်တရာ သိမြင်တော်မူသော၊ အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ثُمَّ أَوْرَثْنَا الْكِتَابَ الَّذِينَ اصْطَفَيْنَا مِنْ عِبَادِنَا ۖ فَمِنْهُمْ ظَالِمٌ لِنَفْسِهِ وَمِنْهُمْ مُقْتَصِدٌ وَمِنْهُمْ سَابِقٌ بِالْخَيْرَاتِ بِإِذْنِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
ထို့နောက် ငါအရှင်မြတ်သည် မိမိကျွန်များအနက်မှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူတို့အား (ဤ)ကျမ်းဂန်ကို အမွေအဖြစ် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင် ၎င်းတို့အနက်အချို့မှာ မိမိကိုယ်ကို မိမိရက်စက်သောသူရှိ၏။ အချို့မှာ မဇိ္ဈမဋိပဒါစနစ်ကို လိုက်နာသူရှိ၏။ အချို့မှာကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် ကောင်းမှုများနှင့်တကွ ရှေ့မှသွားသူရှိ၏။ ဤသည်ကား ကြီးကျယ်စွာသောကျေးဇူးတော်ပင်ဖြစ်ပေသတည်း။
جَنَّاتُ عَدْنٍ يَدْخُلُونَهَا يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
ထာဝစဉ် နေထိုင်ရအံ့သော ဥယျာဉ်များပင်၊၎င်းတို့သည် ယင်းဥယျာဉ်များ၌ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်းဥယျာဉ်များ၌ ရွှေလက်ကောက် များဖြင့်လည်းကောင်း၊ ပုလဲများဖြင့်လည်းကောင်း၊ တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှ တစ်ပါး ယင်းဥယျာဉ်များ၌ ၎င်းတို့၏ဝတ်စား တန်ဆာမှာ ပိုးအဝတ်အထည်ပင် ဖြစ်ပေမည်။
وَقَالُوا الْحَمْدُ لِلَّهِ الَّذِي أَذْهَبَ عَنَّا الْحَزَنَ ۖ إِنَّ رَبَّنَا لَغَفُورٌ شَكُورٌ
ထိုမှတစ်ပါး ၎င်းတို့သည်(ဤသို့)ပြောဆိုကြပေမည်။ ချီးမွမ်းခြင်း ထောပနာအပေါင်းတို့သည် ကျွန်တော်မျိုးတို့မှ ပူပင်သောကကို ပပျောက်စေတော်မူသော အလ္လာဟ်၏အရှင် မြတ်နှင့်သာသက်ဆိုင်၏။ မလွဲဧကန် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်အမှန်ပင် ဖြစ်တော်မူ၏။
الَّذِي أَحَلَّنَا دَارَ الْمُقَامَةِ مِنْ فَضْلِهِ لَا يَمَسُّنَا فِيهَا نَصَبٌ وَلَا يَمَسُّنَا فِيهَا لُغُوبٌ
အကြင် အရှင်မြတ်သည် မိမိကျေးဇူးတော်နှင့်ကျွန်တော်မျိုးတို့အား အမြဲထာဝရ နေရအံ့သောဌာန၌နေရာချပေးတော်မူ၏။ ထိုဌာနတွင် ကျွန်တော်မျိုးတို့၌ မည်သည့်ပင်ပန်းမှုမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့၌ ထိုဌာနတွင် မည်သည့်ငြီးငွေ့မှုမျှလည်းသက်ရောက်မည် မဟုတ်ပေတကား။

Choose other languages: