Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #12 Translated in Burmese

فَأَهْلَكْنَا أَشَدَّ مِنْهُمْ بَطْشًا وَمَضَىٰ مَثَلُ الْأَوَّلِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် လက်ရှိ ဤသူတို့ထက် ခွန်အားဗလ ရဲစွမ်းသတ္တိအရာ၌ ပိုမိုပြင်းထန်သောသူတို့ကိုပင် ဖျက်စီးတော်မူခဲ့ပေသည်။ စင်စစ်သော်ကား ရှေးဟောင်းသူတို့၏ (ဤ)အကြောင်းမှာ လွန်လေခဲ့ပြီး ဖြစ်ပေသတည်း။
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ الْعَزِيزُ الْعَلِيمُ
စင်စစ် အကယ်၍ (အို-နဗီတမန်တော်၊) အသင်သည် ထိုသူတို့အား "မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ မည်သူသည် ဖန်ဆင်းခဲ့သနည်း"ဟု မေးမြန်းခဲ့ပါလျှင် ထိုသူတို့က ယင်း(မိုးကောင်းကင်များနှင့်ပထဝီမြေ) တို့ကို အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ပင် ဧကန်မလွဲ ဖြေဆိုကြပေမည်။
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَعَلَّكُمْ تَهْتَدُونَ
အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို အခင်းပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းပထဝီမြေ၌ အသင်တို့သည် (မိမိတို့လိုရာခရီးများကို လွယ်ကူစွာသွားနိုင်ရန်) လမ်းမှန်ကို ရရှိကြအံ့သောငှာ လမ်းပမ်းများကို ပြုလုပ်၍ ပေးတော်မူခဲ့၏။
وَالَّذِي نَزَّلَ مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَنْشَرْنَا بِهِ بَلْدَةً مَيْتًا ۚ كَذَٰلِكَ تُخْرَجُونَ
ထိုမှတစ်ပါး အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှမိုးရေကို အတိုင်းအတာ အချိန်အဆနှင့် ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ထို အရှင်မြတ်သည် ထိုမိုးရေဖြင့်(သွေ့ခြောက်)သေလွန်ပြီးဖြစ်သော မြို့ရွာ(မြေယာ)များကို ရှင်ပြန်(စိမ်းစို) စေတော်မူခဲ့၏။ ဤနည်းအတိုင်းပင် အသင်တို့သည်လည်း (မိမိတို့သင်္ချိုင်းတွင်းမှ ရှင်ပြန်)ထွက်စေခြင်းကို ခံကြရပေမည်။
وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُمْ مِنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ
၎င်းပြင် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အလုံးစုံသော ဖိုမ-စုံတွဲအမျိုးအစားများကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ စီးနင်းကြကုန်သော သင်္ဘောများကိုလည်းကောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များကိုလည်းကောင်း ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။

Choose other languages: