Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #55 Translated in Burmese

وَنَادَىٰ فِرْعَوْنُ فِي قَوْمِهِ قَالَ يَا قَوْمِ أَلَيْسَ لِي مُلْكُ مِصْرَ وَهَٰذِهِ الْأَنْهَارُ تَجْرِي مِنْ تَحْتِي ۖ أَفَلَا تُبْصِرُونَ
၎င်းပြင် ဖစ်ရ်အောင်န်သည် မိမိအမျိုးသားတို့တွင် ကြေညာခဲ့၏။ ၎င်းက (ဤသို့)ပြောဆို(ကြေညာ)ခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့ အီဂျစ်နိုင်ငံကို ငါသာလျှင် စိုးမိုးအုပ်ချုပ်သည်မဟုတ်ပါလော၊ ထိုမှတစ်ပါး ဤသည့် ရေချောင်းတို့မှာ ငါ၏(ဘုံနန်း) အောက်မှ စီးတွေလျက် ရှိကြသည် (မဟုတ်လော)။ သို့ပါလျက် အသင်တို့သည် (ဤသည့် ဘုန်းတန်ခိုးများကို) မမြင်ကြလေသလော။
أَمْ أَنَا خَيْرٌ مِنْ هَٰذَا الَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ
သို့တည်းမဟုတ် ငါသည် ဤဂုဏ်အသရေသေးသိမ်သူထက် မြင့်မြတ်သည်(ကိုအသင်တို့သည် မမြင်ကြလေသလော)။ ၎င်းပြင် ဤသူသည် ရှင်းလင်းစွာ (စကား)ပြောဆိုနိုင်သည်လည်း မရှိပြီ။
فَلَوْلَا أُلْقِيَ عَلَيْهِ أَسْوِرَةٌ مِنْ ذَهَبٍ أَوْ جَاءَ مَعَهُ الْمَلَائِكَةُ مُقْتَرِنِينَ
တစ်ဖန် ၎င်း၏(လက်များတွင်)ရွှေလက်ကောက်၊ လက်မောင်းပတ်၊ လက်ကြပ်များ အဘယ်ကြောင့် ဆင်ယင်ပေးခြင်းကို မခံရသနည်း။ သို့တည်းမဟုတ် "မလာအိကဟ်"ကောင်းကင်တမန်များသည် အဘယ်ကြောင့် ၎င်းနှင့်အတူ အစဉ်မပြတ် လိုက်ပါလာခြင်း မရှိကြသနည်း။
فَاسْتَخَفَّ قَوْمَهُ فَأَطَاعُوهُ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
ဆိုလိုရင်းမှာ ထိုဖစ်ရ်အောင်န်သည် မိမိ၏အမျိုးသားတို့အား လူ့ဗာလများ ပြုလုပ်ခဲ့ပေရာ ထိုအမျိုးသားတို့မှာ ၎င်းတို့၏စကားကို နာယူခဲ့ကြကုန်၏။ ဧကန်အမှန် ၎င်းတို့သည် စည်းကမ်းကျူးလွန်သော လေလွင့်သောအမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။
فَلَمَّا آسَفُونَا انْتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ أَجْمَعِينَ
ထို့နောက် ၎င်းတို့သည် ငါအရှင်မြတ်အား အမျက်ထွက်စေခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား လက်စားချေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကိုပင် နစ်မြုပ်စေတော်မူခဲ့၏။

Choose other languages: