Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #49 Translated in Burmese

وَاسْأَلْ مَنْ أَرْسَلْنَا مِنْ قَبْلِكَ مِنْ رُسُلِنَا أَجَعَلْنَا مِنْ دُونِ الرَّحْمَٰنِ آلِهَةً يُعْبَدُونَ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအလျင် ငါအရှင်မြတ် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်တို့အား "ငါအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ခြင်းခံကြရန် အခြားကိုးကွယ်ရာများကို ပြဋ္ဌာန်း၍ပေးတော်မူခဲ့ပါသလော" ဟု မေးမြန်းစုံစမ်း၍ ကြည့်ပါလေ။
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَقَالَ إِنِّي رَسُولُ رَبِّ الْعَالَمِينَ
၎င်းပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား မိမိသက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့် တကွ"ဖစ်ရ်အောင်န်" ၏ထံသို့လည်းကောင်း၊ "ဖစ်ရ်အောင်န်"၏မှူးမတ်ထံသို့လည်းကောင်း၊ စေလွှတ်တော်မူခဲ့ရာ ထိုမူစာက("ဖစ်ရ်အောင်န်"နှင့်တကွ၎င်း၏ မှူးမတ်တို့အား) ငါသည် စကြဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူသောအရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်သည်ဟု ပြောကြားခဲ့၏။
فَلَمَّا جَاءَهُمْ بِآيَاتِنَا إِذَا هُمْ مِنْهَا يَضْحَكُونَ
သို့ရာတွင် ထိုမူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကို ယူဆောင်ခဲ့လေသောအခါ ရုတ်တရက် ၎င်းတို့သည် ယင်းသက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကိုမြင်၍ ပြက်ရယ်သောအားဖြင့် ရယ်မောကြကုန်၏။
وَمَا نُرِيهِمْ مِنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَاهُمْ بِالْعَذَابِ لَعَلَّهُمْ يَرْجِعُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား ပြသတော်မူသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာတိုင်းမှာ ၎င်း၏အလျင်ပြခဲ့သော အခြားတန်ခိုးပြာဋိဟာ ထက်ပိုမိုကြီးကျယ်သော တန်ခိုးပြာဋိဟာသာလျှင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား (သွေဖည်ငြင်းပယ်မှုကိုစွန့်၍)ပြန်လှည့်လာကြအံ့သောငှာ ပြစ်ဒဏ်၌ ဖမ်းဆီးအရေးယူတော်မူခဲ့၏။
وَقَالُوا يَا أَيُّهَ السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ إِنَّنَا لَمُهْتَدُونَ
ထိုမှတစ်ပါး ၎င်းတို့သည် (မူစာအားဤသို့)ပြောဆိုခဲ့ကြ၏။ အို-စုန်းအတတ်ကို ကျွမ်းကျင်သောဆရာ၊ အသင်သည် ကျွန်ုပ်တို့အဖို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ကတိထားတော်မူခဲ့သည်နှင့်အညီ ဆုတောင်း၍ပေးပါ။ (ယခုသော်) မလွဲဧကန် ကျွန်ုပ်တို့သည် တရားလမ်းမှန်ကို လိုက်နာကြပါတော့မည်။

Choose other languages: