Quran Apps in many lanuages:

Surah Az-Zamar Ayahs #51 Translated in Burmese

وَلَوْ أَنَّ لِلَّذِينَ ظَلَمُوا مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ مِنْ سُوءِ الْعَذَابِ يَوْمَ الْقِيَامَةِ ۚ وَبَدَا لَهُمْ مِنَ اللَّهِ مَا لَمْ يَكُونُوا يَحْتَسِبُونَ
အမှန်စင်စစ်သော်ကား တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်မှုကို ကျူးလွန်ခဲ့ကြကုန်သောသူတို့၌ ကမ္ဘာမြေဝယ်ရှိရှိသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့အပြင် ၎င်းနှင့်အတူ ထိုမျှလောက် နောက်ထပ်ရှိငြားအံ့လည်း အမှန်ပင် ထိုသူတို့သည် ယင်းဥစ္စာပစ္စည်း(အလုံးစုံ) တို့ကို "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆိုးရွား ပြင်းထန်လှသော ပြစ်ဒဏ်မှလွတ်မြောက်ရန် လျော်ကြေးပေးကြမည်သာ။ ထို့ပြင် ၎င်းတို့ရှေ့ဝယ် ၎င်းတို့ မထင်မှတ်ခဲ့ကြသော အကြောင်းကိစ္စများသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ထင်ရှားပေါ်လွင်လာခဲ့ပေမည်။
وَبَدَا لَهُمْ سَيِّئَاتُ مَا كَسَبُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ထိုမှတစ်ပါး ၎င်းတို့ ဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များ၏ အန္တရာယ်များလည်း ၎င်းတို့ရှေ့ဝယ် ပေါ်လွင်ထင်ရှားလာခဲ့ပေမည်။ ထိုမှတစ်ပါး ၎င်းကိုပြက်ချော်သမှုပြုလျှက်ရှိကြကုန်သော ပြစ်ဒဏ်သည်လည်း ၎င်းတို့အား ဝိုင်းဝန်းလျက် ရှိချေအံ့သတည်း။
فَإِذَا مَسَّ الْإِنْسَانَ ضُرٌّ دَعَانَا ثُمَّ إِذَا خَوَّلْنَاهُ نِعْمَةً مِنَّا قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ ۚ بَلْ هِيَ فِتْنَةٌ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
အမှန်စင်စစ်သော်ကား မနုဿလူသား၌ ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားသည် ငါအရှင်မြတ်အား ဟစ်ခေါ်တမ်းတ၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော် မူသောအခါ ထိုလူသားက "ငါသည် ဤသည့်ကျေးဇူးတော်ကို (မိမိ)အကြံအစည် တစ်ခုကြောင့်သာလျှင် ရရှိခဲ့ခြင်းဖြစ်သည်"ဟု ပြောဆို၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ် ဤသည့် ကျေးဇူးတော်မှာကား စမ်းသပ်မှုတစ်ရပ်ပင်တည်း။ သို့ရာတွင် ထိုလူသားတို့အနက် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
قَدْ قَالَهَا الَّذِينَ مِنْ قَبْلِهِمْ فَمَا أَغْنَىٰ عَنْهُمْ مَا كَانُوا يَكْسِبُونَ
ဧကန်စင်စစ် ဤသည့်ပြောဆိုမှုကို ၎င်းတို့အလျင် ရှိခဲ့ကြသောသူများကလည်း ပြောဆိုခဲ့ဘူးကြကုန်၏။ သို့တစ်စေလည်း ၎င်းတို့၏ဆည်းပူးချက် တို့မှာ (ပြစ်ဒဏ်ကာကွယ်ရန်) ၎င်းတို့အဖို့ အသုံးဝင်ခဲ့သည် မရှိပေ။
فَأَصَابَهُمْ سَيِّئَاتُ مَا كَسَبُوا ۚ وَالَّذِينَ ظَلَمُوا مِنْ هَٰؤُلَاءِ سَيُصِيبُهُمْ سَيِّئَاتُ مَا كَسَبُوا وَمَا هُمْ بِمُعْجِزِينَ
ထို့နောက် ၎င်းတို့၌ ၎င်းတို့၏ ဆည်းပူးချက်များ၏ ဆိုးရွားသောအန္တရာယ်များသည် သက်ရောက်ခဲ့လေ၏။ ထိုနည်းတူစွာ ဤ(လက်ရှိသွေဖည်ငြင်းပယ်)သူတို့အနက် မတရားကျူးလွန်ခဲ့ကြသော သူတို့အပေါ် ၌လည်း မကြာမြင့်မီပင် ၎င်းတို့၏ဆည်းပူးချက်များ၏ အန္တရာယ်များသည် သက်ရောက်မည်ဖြစ်၏။ စင်စစ်မှာကား ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။

Choose other languages: