Quran Apps in many lanuages:

Surah At-Tur Ayahs #49 Translated in Burmese

فَذَرْهُمْ حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي فِيهِ يُصْعَقُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့၏အကြင်နေ့နှင့် တွေ့ကြုံကြရသည်အထိ စွန့်လွှတ်၍ ထားရှိပါလေ၊ ထိုနေ့တွင် ၎င်းတို့သေဆုံးကြပေမည်။
يَوْمَ لَا يُغْنِي عَنْهُمْ كَيْدُهُمْ شَيْئًا وَلَا هُمْ يُنْصَرُونَ
အကြင်နေ့တွင် ၎င်းတို့အဖို့ ��င်းတို့၏အကြံအစည်သည် လုံးဝအသုံးမဝင်မည့်အပြင် ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
وَإِنَّ لِلَّذِينَ ظَلَمُوا عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထိုမှတစ်ပါး မတရားမှုကို ကျူးလွန်ခဲ့ကြသောသူတို့၌ ယင်းသည့်အလျင်လည်း ပြစ်ဒဏ်(ကျရောက် မည်ဖြစ်၏၊) သို့ရာတွင် ၎င်းတို့အနက် အများစုသောသူတို့မှာ သိရှိကြသည်မဟုတ်ပေ။
وَاصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا ۖ وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ
(သို့ဖြစ်ပေရာ) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို သည်းခံ၍စောင့်ဆိုင်းပါလေ။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင်။ ထိုမှတစ်ပါး အသင်သည် (ထိုင်ရာမှပြန်)ထသောအခါ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အား ချီးမွမ်း ထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။
وَمِنَ اللَّيْلِ فَسَبِّحْهُ وَإِدْبَارَ النُّجُومِ
ထိုမှတစ်ပါး အသင်သည် ညဉ့်၌လည်းကောင်း၊ကြယ်များ (ကွယ်ပျောက်သွားသည့်) နောက်ပိုင်းတွင် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။

Choose other languages: